၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “အတွင်းမွန်ဂိုးလီးယား ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲ - ရေခဲဆီးနှင်းသဘာဝရှုခင်းကဏ္ဍ
အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ မြောက်ဘက်တည့်တည့်တွင် တည်ရှိသည်။ “သာယာအလှဖြာ မြောက်ပိုင်းဒေသမှာ၊ ရေခဲဖုံးလွှမ်း ဆီးနှင်းလွင့်ဝဲ” ဟူသော စာသားမှာ အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆောင်းရာသီကို ဖော်ကျူးရေးစပ်ထားခြင်းပင်ဖြစ်သည်။ ငွေနှင်းပွင့်များ လွင့်ကာလွင့်ကာ၊ သစ်ပင်များအထက် ဖုံးလွှမ်းလို့ရယ် အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆီးနှင်းတဖွဲဖွဲ ရှုခင်းအလှကို ခြယ်မှုန်းပေးနေပါသည်။ သဘာဝအရင်းအမြစ်များကို ဒေသဓလေ့များ၊ သမိုင်းဝင်အမွေအနှစ်နေရာများ အစရှိသည့် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် ပြီးပြည့်စုံစွာ ရောယှက်ပေါင်းစပ်လိုက်သည့်အခါ ယင်းဒေသ၏ ဆောင်းရာသီချိန်ခါ ခရီးသွားဆိုင်ရာ ထူးခြားချက်များကို ထင်ရှားပေါ်လွင်လာစေသည်။
ယခုအကြိမ်ပြပွဲတွင် “ရေခဲဆီးနှင်းသဘာဝရှုခင်းကဏ္ဍ”၊ “ရေခဲဆီးနှင်းဧည့်ဂေဟာကဏ္ဍ”နှင့် “ရေခဲဆီးနှင်းအားကစားကဏ္ဍ” ဟူ၍ ကဏ္ဍ(၃)ရပ် ပါဝင်ပြီး အတွင်းမွန်ဂိုးလီးယားဒေသ၏ ပထဝီဝင်အားသာချက်များရှိသော ရေခဲဆီးနှင်းအရင်းအမြစ်များနှင့် တစ်မူထူးခြားသော ယဉ်ကျေးမှုရိုးရာဓလေ့များကို အသက်ဝင်စွာ တင်ဆက်ပြသထားပါသည်။
ယခုအပတ်အစီအစဉ်တွင် “ရေခဲဆီးနှင်းသဘာဝရှုခင်းကဏ္ဍ”ကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး တာ့ရှင့်အန်းလင်တောင်တန်း (The Da Hinggan Range) တောင်နက်အတွင်းသို့ ဦးတည်သွားရောက်၍ မြောက်လတ္တီကျု ၅၀ ဒီဂရီကို ဖြတ်ကျော်လာသည့် ရှုမြင်ကွင်းအလှကို မှတ်တမ်းတင်ရိုက်ကူးထားသည်။ ထို့အပြင် “တရုတ်နိုင်ငံ၏ အအေးတကာ့အအေးဆုံးနေရာ” ဖြစ်သော ကိန်းဟယ်မြို့ (Genhe) ရှိ အအေးဆုံးရွာကို ရောက်ရှိလေ့လာကာ တောတွင်းနေထိုင်သူများ၏ သဘာဝပကတိပုံစံများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
အဆုံးအစမရှိ ကျယ်ပြန့်လွန်းသော ရေခဲဆီးနှင်းမြက်ခင်းလွင်ပြင်၊ ကြီးမားကျယ်ပြောလှသော နှင်းတောကြီး၊ ရေခဲများဖုံးလွှမ်းနေသော မြစ်ချောင်းနှင့် တောင်စဉ်တောင်တန်း၊ သာယာစိုစွတ်သော ရေပူစမ်းများ အစရှိသဖြင့် ဤရေခဲဆီးနှင်း ယဉ်ကျေးမှုခရီးစဉ်တွင် ထူးခြားဆန်းပြားလွန်းလှသော ရေခဲဆီးနှင်းများကို လိုက်လံဖွေရှာ၍ ဒဏ္ဍာရီပုံပြင်အလား လျှို့ဝှက်ဆန်းကြယ်ဖွယ် ကမ္ဘာလေးတစ်ခုကို စူးစမ်းလေ့လာနိုင်ပါသည်။