၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ဆောင်းဥတုဒဏ္ဍာရီ” ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဟူလွင်ပေ့အယ်ဒေသ ဆောင်းရာသီခရီးသွားမိတ်ဆက်ဗီဒီယို

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-15 16:52:21



ဟူလွင်ပေ့အယ်ဒေသ (Hulunbuir) ၏ ဆောင်းရာသီမှာ အတန်ငယ်ပိုမိုရှည်ကြာပြီး နိုဝင်ဘာလမှစ၍ နောင်တစ်နှစ်မတ်လအထိ ကာလပတ်တစ်ခုလုံးသည် ငွေနှင်းဖြူများ ရစ်ခွေလွှမ်းခြုံနေသော ဒဏ္ဍာရီကမ္ဘာသဖွယ် ဖြစ်နေပါသည်။ ဤနေရာတွင် သင်ယခင်ကမကြုံခဲ့ဖူးသေးသော ဆောင်းရာသီရှုမြင်ကွင်းအလှအပ အထူးအဆန်းများကို တွေ့မြင်နိုင်သည်။ ကမ္ဘာမြေပြင်အထက် ငွေနှင်းဖွေးဖွေး နှင်းတောကျယ်ကျယ်ကြီးနှင့် နေရာအနှံ့တွင်လည်း ဆီးနှင်းပွင့်လေးများ တဝေ့ဝေ့လွင့်ပျံနေကာ အခြားသော အရောင်အသွေးအရောအနှောများ မပါရှိပါဘဲနှင့် မြင်တွေ့ရသူတို့၏ စိတ်နှလုံးသားကို ဖမ်းစားနိုင်ပြီး ဤရှုမြင်ကွင်းတွင် ကြွေဆင်းသွားစေနိုင်ပါသည်။


ဤနေရာသည် သဘာဝတရားက ပေးစွမ်းသော ရေခဲဆီးနှင်းကမ္ဘာတစ်ခုဖြစ်သည်။ ကြွယ်ဝစုံလင်သော ရေခဲဆီးနှင်းအရင်းအမြစ်များက ယင်းဒေသတွင် ရေခဲဆီးနှင်းဆိုင်ရာ အစီအစဉ်ပေါင်းများစွာကို ဖြစ်ထွန်းစေခဲ့ကာ စိတ်ကူးအတွေးထဲက အံ့ဖွယ်မျိုးစုံကို လက်တွေ့အကောင်အထည်ပေါ်အောင် ဖန်တီးပုံဖော်နိုင်ပေသည်။ ဤဒေသရှိ ရေခဲပန်းဆွဲနှင့် နှင်းတောကြီးများ အစရှိသည်တို့က သင့်အား သူမတူထူးခြားသည့် ခံစားမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ 


WeChat Image_20221214131356.png