၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ဆောင်းဥတုဒဏ္ဍာရီ” ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - အတွင်းမွန်ဂိုးလီးယား ဆောင်းရာသီခရီးသွားမိတ်ဆက်ဗီဒီယို

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-13 14:52:14




ဆောင်းဥတုတွင် အတွင်းမွန်ဂိုးလီးယား၏ ကျယ်ပြန့်သော မြက်ခင်းလွင်ပြင်၊ အသွယ်သွယ် ယှက်၍ စီးဆင်းနေသော မြစ်ချောင်းများ၊ ကျယ်ပြောသော သဲကန္တာရနှင့် ကျယ်ဝန်းသော သစ်တောများမှာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းလျက်ရှိပြီး မြင်ကွင်းကျယ် ပန်းချီကားချပ်သဖွယ် ဖြစ်ပေါ်တည်ရှိနေပါသည်။


အတွင်းမွန်ဂိုးလီးယားသည် သမိုင်းသက်တမ်း ရှည်ကြာပြီး ယဉ်ကျေးမှုအနှစ်သာရများ နက်ရှိုင်းကြွယ်ဝသည်။ နှစ်စဉ်ဆောင်းရာသီရောက်တိုင်း အတွင်းမွန်ဂိုးလီးယား နေရာအနှံ့အပြားတွင် ဒေသဆိုင်ရာ ပွဲတော်ရက်လှုပ်ရှားမှုပွဲများကို အသီးသီး ကျင်းပလေ့ရှိရာ ပရိသတ်များအနေဖြင့် ထူးခြားဆန်းသစ်သော ရေခဲဆီးနှင်း တိုင်းရင်းသားရိုးရာဓလေ့ခရီးစဉ်ကို တွေ့မြင်ခံစားကြရမည် ဖြစ်ပါသည်။ 


မြောက်ပိုင်းကျလေလေ ချမ်းအေးလေလေဖြစ်ပြီး ချမ်းအေးလေလေ နွေးထွေးပျူငှာမှုများ တိုးပွားလေလေ ဖြစ်သည်။ ယခုဆောင်းတွင်းအား အပျော်များဖြင့် ပြည့်နှက်စေလိုလျှင်သော်လည်းကောင်း၊ မေ့မရနိုင်ဖွယ် အမှတ်တရများကို သိမ်းဆည်းထားလိုလျှင်သော်လည်းကောင်း အတွင်းမွန်ဂိုးလီးယားသို့ လာရောက်၍ ဒဏ္ဍာရီဆန်သော ရေခဲဆီးနှင်းခရီးစဉ်ကို စတင်ဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။