၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လေ့လာဖွေရှာ ဆန်းရှီးအလှအပအဖြာဖြာ” ယဉ်ကျေးမှုခရီးသွား ဗီဒီယို ထုတ်လွှင့်တင်ဆက်မှု - ဖွေဖွေရှာရှာ သူလေ့လာ (အပိုင်း - ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-10 21:17:04



ဤအစီအစဉ်သည် ဖွံ့ဖြိုးတိုးတက်နေဆဲ ဆန်းရှီးပြည်နယ် (Shanxi) အကြောင်းများကို အင်္ဂလန်နိုင်ငံသား Rees ၏ ရှုထောင့်အမြင်မှနေ၍ ပေါ်လွင်စွာ ဖော်ပြတင်ဆက်ထားပါသည်။ ဤအစီအစဉ်သည် သင့်အား ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်မြို့ (Taiyuan) ၊ တာ့ထုံမြို့ (Datong) ၊ ကျင့်ကျုံးမြို့  (Jinzhong) ၊ လင်ဖန်မြို့ (Linfen) ၊ ယန်ချွမ်မြို့ (Yangquan) နှင့် ရှော့ကျိုးမြို့ (Shuozhou) များသို့ ခေါ်ဆောင်ကာ ဆန်းရှီးပြည်နယ်၏ အသစ်အဆန်းများကို တွေ့မြင်ခံစားစေပြီး ဆန်းရှီးပြည်နယ် ထူးခြားချက်များကို လေ့လာသိရှိစေမည် ဖြစ်ပါသည်။



အချိန်ယူ၍ စီမံဆောင်ရွက်ခြင်း၊ တိကျသေချာစွာ ဖန်တီးပုံဖော်ခြင်း၊ အမြဲမပြတ် အဆင့်မြှင့်တင်မွမ်းမံခြင်းများ ပြုလုပ်ထားသော သာယာလှပသည့် ဥယျာဉ်တွင် လူတိုင်းလူတိုင်းသည် နေရာကိုယ်စီ၊ အလုပ်ကိုယ်စီဖြင့် ဘဝကို မွေ့လျော်နေကြပေသည်။




ယန့်မန်ဂိတ် (Yanmen) အပြင်ဘက် မီးတောင်စုများ၏ တောင်ခြေရင်းတွင် ရှင်သန်ပေါက်ရောက်နေကြသော အဝါရောင်ဒေးလီလီပန်းပွင့်လေးများ (Daylily) သည် ဒေသခံများအား ကောင်းကျိုးစီးပွား ဖြစ်ထွန်းစေသည့် “ကြီးပွားရေးပန်းပွင့်” ပင် ဖြစ်ပေသည်။ အဝါရောင်ဒေးလီလီပန်းပွင့်လေးများ၏ ထူးခြားသည့် လျှို့ဝှက်ချက်များကို ဤဗီဒီယိုမှတစ်ဆင့် အတူတကွ လေ့လာကြရမည် ဖြစ်ပါသည်။