၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “မြင်တွေ့ခံစား ဆန်းရှီးပြည်နယ် အလှတရား” ယဉ်ကျေးမှုခရီးသွား ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဆန်းရှီးပြည်နယ် ခရီးသွားမိတ်ဆက်ဗီဒီယို
တရုတ်နိုင်ငံမြေပုံပေါ်တွင် ဆန်းရှီးပြည်နယ် (Shanxi) သည် မြောက်မှတောင်သို့ ဦးတည်လွင့်ဆင်းလာသည့် သစ်ရွက်တစ်ရွက်သဖွယ် ဖြစ်ပေါ်တည်ရှိနေပါသည်။ ဆန်းရှီးပြည်နယ်၏ အရှေ့ဘက်နယ်စပ်ဒေသတွင် ၈၀၀ လီ (里 (li လီ) သည် တရုတ်အကွာအဝေးတိုင်းယူနစ် ဖြစ်ပြီး ၅၀၀ မီတာနှင့် ညီမျှသည်) ရှည်လျားသည့် ထိုက်ဟန်တောင်တန်း (Taihang) ရှိပြီး ၎င်းသည် လိုအက်မြေကုန်းပြင်မြင့် (Loess Plateau) နှင့် မြောက်ပိုင်းမြေပြန့်လွင်ပြင်တို့ကို ပိုင်းခြားထားသော နယ်နိမိတ်စည်းလည်း ဖြစ်သည်။ ဆန်းရှီးပြည်နယ်၏ အနောက်ဘက်တွင် လိုအက်မြေကုန်းပြင်မြင့်ကို မြောက်မှတောင်သို့ ပိုင်းခြားထားသော ကျင့်-ရှန်လျှိုမြောင်ကြီး (Jin-Shaan) နှင့် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော မြစ်ဝါမြစ်တို့ ရှိပါသည်။
တစ်မူထူးခြားသော မြေမျက်နှာသွင်ပြင်လက္ခဏာများသည် ဆန်းရှီးပြည်နယ်အား လှပဆန်းကြယ်စေသည့်အပြင် ခမ်းနားသော တရုတ်ရိုးရာ ယဉ်ကျေးမှုများကိုလည်း ဖြစ်ထွန်းလာစေခဲ့ပါသည်။