တွဲလက်မြဲခိုင် နှစ် ၇၀ တိုင်၊ တူညီခေါင်းစဉ် ပေါက်ဖော်သံယောဇဉ် တရုတ်-မြန်မာချစ်ကြည်ရေးဓာတ်ပုံပြပွဲ အပိုင်း-၂
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းထိစပ်လျက်ရှိပြီး ရှေးယခင်ကတည်းက နှစ်နိုင်ငံပြည်သူချင်း ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် ခေတ်အဆက်ဆက် ခင်မင်ရင်းနှီးလာခဲ့ကြသော “ပေါက်ဖော်ညီအစ်ကိုများ” ဖြစ်ကြပါသည်။ ၁၉၅၀ ခုနှစ် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ရာ နယ်ပယ်အသီးသီး၌ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများတွင် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ အထူးသဖြင့် ရာစုနှစ်အသစ်သို့ စတင်ဝင်ရောက်လာချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များကြား ချစ်ခင်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းကာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ စသည့်နယ်ပယ်များ၌ ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံတွန်းအားပေးလုပ်ဆောင်ရင်း နှစ်နိုင်ငံပြည်သူများ၏ ရိုးရာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ထွန်းလင်းတောက်ပအောင် ဖော်ဆောင်လျက်ရှိပါသည်။
တရုတ်-မြန်မာသံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယမှာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ တက်ဟုန်းပြည်နယ်ခွဲ ပြန်ကြားရေးဌာနနှင့်အတူ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ပေါက်ဖော်သံယောဇဉ်ကို ထင်ဟပ်စေမည့် “တွဲလက်မြဲခိုင် နှစ် ၇၀ တိုင်၊ တူညီခေါင်းစဉ် ပေါက်ဖော်သံယောဇဉ်” တရုတ်-မြန်မာဓာတ်ပုံပြပွဲကြီးကို အွန်လိုင်းပေါ်မှတစ်ဆင့် စီစဉ်တင်ဆက်လိုက်ပါသည်။
တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံ၌ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲစဉ်။
တရုတ်-မြန်မာချစ်ကြည်ရေးရေတွင်း
တရုတ်နိုင်ငံရွှေလီမြို့သို့ ကျောင်းတက်သွားသည့် မြန်မာနိုင်ငံသား ပညာတော်သင် ကျောင်းသူလေးများ
တရုတ်-မြန်မာချစ်ကြည်ရေးပိုက်ကျော်ခြင်းပြိုင်ပွဲ
တရုတ်-မြန်မာနယ်နိမိတ်မျဉ်းမှ တစ်ရွာနှစ်ပြည် ပိုင်းခြားထားသော တိုင်တိုင်းရင်းသား လူမျိုးများကျေးရွာ - ရေတစ်တွင်း၊ နှစ်ပြည်သုံး၊ တူရွှင်ပျော်မဆုံး။
တရုတ်နိုင်ငံရွှေလီမြို့တွင် စီးပွားရှာနေသော မြန်မာနိုင်ငံသားတစ်ဦး။
နေ့စဉ် တရုတ်နိုင်ငံရွှေလီနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာရန် စောင့်ဆိုင်းနေသော ကုန်တင်ကားများ အစီအရီ ရပ်နားထားစဉ်။
တရုတ်နိုင်ငံ ရွှေလီမြို့တရုတ်-မြန်မာငွေကြေးလဲလှယ်စင်တာ
“နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲ” - တရုတ်နိုင်ငံရွှေလီမြို့- မြန်မာနိုင်ငံမူဆယ်မြို့ နယ်စပ်ဒေသအကြား နိုင်ငံဖြတ်ကျော် ပြေးပွဲဝင်လာသည့် မြန်မာဘက်ပြေးလမ်းပေါ်မှ ပြိုင်ပွဲဝင်များနှင့် အားပေးသူပရိသတ်များ။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၊ တရုတ်-မြန်မာ ရွှေလီဇီဝဆေးဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲအား တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပစဉ်။
၂၀၁၈ ခုနှစ် မေလ၊ တရုတ်-မြန်မာ ပြည်သူ့ လူနေမှုဘဝရန်ပုံငွေမှ ပံ့ပိုးကူညီ ဆောက်လုပ်ထားသော မူဆယ်မြို့ အမှတ်(၅) အခြေခံ မူလတန်းကျောင်းအား မြန်မာဘက်သို့ ပေးအပ်လှူဒါန်းစဉ်။
၂၀၁၉ ခုနှစ် ဧပြီလ၊ တရုတ်-မြန်မာသစ်သီးပြောင်းဖူးလုပ်ငန်းလေ့လာရေးနှင့်ဖလှယ်ပွဲအား တရုတ်နိုင်ငံရွှေလီမြို့တွင် ကျင်းပစဉ်။
၂၀၁၉ ခုနှစ် မေလ၊ တတိယအကြိမ် မြန်မာ-တရုတ်ပညာရှင်အဖွဲ့ အဆင့်မြင်ဖိုရမ်အား ရန်ကုန်မြို့တွင် ကျင်းပစဉ်။
၂၀၁၉ခုနှစ် တရုတ်နိုင်ငံ ရွှေလီမြို့ (၁၉)ကြိမ်မြောက် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနား။
၂၀၂၀ခုနှစ် ဧပြီလ၊ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ BLUE SKY RESCUE(BSR)အဖွဲ့မှ ရွှေလီနယ်စပ်ဂိတ်တွင် Covid-19 အဆုတ်ရောင်ရောဂါကာကွယ်ရေးပစ္စည်းများကို မြန်မာဘက်သို့ ပေးအပ်လှူဒါန်းစဉ်။