တရုတ်ကုမ္ပဏီများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စသည့် ဌာနများသို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

အရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:05:44

China Communications Construction Company (CCCC) က မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်သော COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ ရန်ကုန်မြို့ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ CCCC အထွေထွေမန်နေဂျာ Mr. Tian Huaixin တို့ တက်ရောက်ခဲ့ကြပါသည်။


图片


မြို့တော်ဝန် ဦးမောင်မောင်စိုးက CCCC က လူမှုတာဝန်များထမ်းဆောင်မှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဦးမောင်မောင်စိုးက CCCC သည် ရန်ကုန်တိုင်းဒေသကြီးသို့ အရေးပေါ်လိုအပ်လျက်ရှိသည့် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး ပစ္စည်းများလှူဒါန်း၍ မြန်မာနိုင်ငံပြည်သူများနှင့်အတူ လက်တွဲကာ COVID-19 ရောဂါ တိုက်ဖျက်ပြီး အခက်အခဲကို အတူကျော်ဖြတ်ခြင်းသည် မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်ပြီး မြန်မာ-တရုတ်အေးအတူပူအမျှအသိုက်အဝန်း၏ အနှစ်သာရကို သက်ဝင်လှုပ်ရှားစွာဖော်ကျူးနေကြောင်း ပြောကြားခဲ့ပါသည်။


1.webp.jpg


လတ်တလောတွင် China Electronics Technology Group Corporation (CETC) ၊ Yunnan Baoshan Hengyi Industry Group၊ Hunan Chamber of Commerce in Myanmar စသည်တို့က မြန်မာနိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စသည့်ဌာနများအား အနီအောက်ရောင်ခြည်ကိုယ်အပူချိန်တိုင်း ကိရိယာ၊ နှာခေါင်းစည်း၊ အကာအကွယ်မျက်မှန် စသည့် ရောဂါကာကွယ်ရေးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ပါသည်။