တရုတ်နိုင်ငံမှ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

အရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:04:22

图片


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဒုတိယအကြိမ် ကူညီထောက်ပံ့သည့် မြန်မာနိုင်ငံ၏ COVID-19ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက်အရေးပေါ်လိုအပ်နေသောအသက်ရှူစက် ၁၅ လုံး ဧပြီလ ၂၈ ရက်နေ့ညတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


图片


မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်ထံ YH-830-11 အမျိုးအစား အသက်ရှူစက် အလုံး ၃၀ ပေးအပ်လှူဒါန်းပါသည်။ ပထမအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါသည်။