တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုသည့် ဆေးရုံများသို့ COVID-19 ရောဂါကာကွယ်‌ရေးပစ္စည်းနှင့် လှူဒါန်းငွေများ လှူဒါန်းပေးအပ်

အရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:03:30

Guangzhou Wondfo Biotech Co., Ltd က မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းပေးအပ်သော COVID-19 Antibody Test (Lateral Flow Method) အစုံ ၁၂၀၀ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံ နေအုပ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေအုပ်တို့ တက်ရောက်ခဲ့ကြပါသည်။ သံမှူးကြီး Ms. Li Xiaoyan က Guangzhou Wondfo Biotech Co., Ltd ကိုယ်စား မြန်မာဘက်သို့ အဆိုပါပစ္စည်းများအား လွှဲပြောင်းပေးအပ်ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရရှိခဲ့ပါသည်။


图片


ထိုနေ့တွင်ပင် China Forestry Group Myanmar Co., Ltd က မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၈၀၀၀ ပေးအပ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးစောဂျွန်ရွေဘ၊ ရန်ကုန်တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ China Forestry Group Myanmar Co., Ltd မြန်မာရုံးခွဲ စီမံကိန်းညှိနှိုင်းသူ Mr. Chen Mingkui တို့ တက်ရောက်ခဲ့ကြပါသည်။ ဦးစောဂျွန်ရွေဘက မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စား လှူဒါန်းငွေ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။


图片


တရုတ်ယူနန် Union Resources & Engineering Company Limited (UREC) က ရန်ကုန်တိုင်း ဒေသကြီးသို့ လှူဒါန်းပေးအပ်သော ဆေးဝါး၊ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) စသည့် ရောဂါကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ UREC ရန်ကုန်ရုံးခွဲတာဝန်ရှိပုဂ္ဂိုလ် Mr. Liu Zhihong တို့ တက်ရောက်ခဲ့ကြပါသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လှူဒါန်းသောပစ္စည်းများကို လက်ခံပြီး ကုမ္ပဏီထံ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။


图片


လတ်တလောတွင် Gree Group ၊ Jiangxi Chamber of Commerce in Myanmar တို့က ရန်ကုန် မြို့ရှိ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုသည့်ဆေးရုံများ၊ လှိုင်သာယာမြို့နယ်စသည်တို့ကို လေအေးပေးစက်၊ နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်စသည့် ပစ္စည်းများကို သီးခြားစီလှူဒါန်းပေးအပ် သဖြင့် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ ချီးကျုးမှုကိုခံခဲ့ရပါသည်