ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - “တောင်တန်းမြေမှ တေးသံသာ၊ မိုင်ပေါင်းကုဋေမှ လစန္ဒာ” ဆောင်းဦးလယ်တေးဂီတပွဲတော်
ဗီဒီယိုအား Beijing Juntianfang Guqin Culture and Art Communication Co., Ltd မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - တောင်တန်းမြေမှ တေးသံသာ၊ မိုင်ပေါင်းကုဋေမှ လစန္ဒာ” ဆောင်းဦးလယ်တေးဂီတပွဲတော်တွင် အကြောင်းအရာ၊ အသွင်ပုံစံ များပြားစုံလင်လှပြီး ရိုးရာဂန္တဝင်တေးသွားများနှင့်အတူ ခေတ်ပေါ်ကိုယ်ပိုင်ဖန်တီးမှု လက်ရာများလည်း ပါဝင်ကာ ရိုးရာရှေးဟောင်းစောင်းအား ခွန်ချွီ(Kunqu)အော်ပရာ၊ တရုတ်ရိုးရာ ထိုက်ကျီ(Taiji)သိုင်း၊ ခင်ပြွေ၊ မြင်းဦးခေါင်းသဏ္ဌာန်စောင်း၊ တယောကြီး၊ လူသံများနှင့်အတူ ပေါင်းစပ်သရုပ်ဖော်ထားပါသည်။ တေးဂီတပွဲ၏ တင်ဆက်ပြသမှုပုံစံများမှတစ်ဆင့် ယခုခေတ်တရုတ်နိုင်ငံ၏ လွတ်လပ်ပွင့်လင်း၊ သဘောထားပြည့်ဝသော အမျိုးသားစိတ်ဓာတ်ကို လက်ဆင့်ကမ်းပေး၍ တေးသွားသံစဉ်တစ်ပုဒ်ချင်းစီ၏ နောက်ခံဇာတ်ကြောင်းများနှင့် ပေါင်းစပ်ကာ တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအနှစ်သာရများကို ဖော်ပြပြီး တရုတ်ရိုးရာ ရှေးဟောင်းစောင်း အနုပညာ၏ “လူသားနှင့်သဘာဝ တစ်ထပ်တည်းကျခြင်း” ဟူသော အယူအဆကို ထင်ရှားပေါ်လွင်စေကာ ရှေးယခင်ခေတ်မှ ယနေ့ခေတ်ထိတိုင်သော တရုတ်နှင့် အခြားနိုင်ငံများ၏ လူမှုယဉ်ကျေးမှုစိတ်ဓာတ်များကို အပြန်အလှန် နားလည်သိရှိစေပါသည်။