အချိန်၏အကြောင်း - ရာသီချိန် (၂၄) ခု အနုပညာပြပွဲ
ရာသီချိန် (၂၄) ခုသည် ရှေးတရုတ်လူမျိုးများက လယ်ယာလုပ်ငန်းဆောင်တာများ ညွှန်ကြားရန်အတွက် ရက်၊ လ၊ နှစ်၊ ရာသီအချိန်ကာလကို တွက်ချက်ရာတွင် အသုံးပြုသည့် ဖြည့်စွက်နည်းလမ်း ဖြစ်ရုံသာမက တရုတ်လူမျိုးများ၏ နေထိုင်မှုဘဝပုံစံကို ကဗျာဆန်ဆန် ထုတ်ဖော်ပြသပေးခြင်းလည်း ဖြစ်ပြီး အထူးသဖြင့် တရုတ်လူမျိုးများ၏ လောကအမြင်၊ ဒဿနအမြင်များကို ပေါ်လွင်စွာ ဖော်ပြပေးပါသည်။
“အချိန်၏အကြောင်း - ရာသီချိန် (၂၄) ခု အနုပညာပြပွဲ” သည် တရုတ်လူမျိုးများ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအနုပညာနှင့် တီထွင်ဖန်တီးမှု အရင်းအမြစ်များကို အသုံးချ၍ ပန်းချီ၊ မင်စုတ်ချက်လက်ရေးလှ၊ ပန်းပု၊ မြေထည်၊ ရိုက်ကူးရေး (ကာတွန်း၊ ဗီဒီယို စသည်)၊ မျက်နှာပြင်ညီနှင့် ရုပ်လုံးကြွဒီဇိုင်းပုံဖန်တီးရေးဆွဲမှု၊ ယဉ်ကျေးမှုဆန်းသစ်မှုထုတ်ကုန်ပစ္စည်းများ အစရှိသည့် အနုပညာကဏ္ဍများမှတစ်ဆင့် ရိုးရာရာသီချိန်ကို အဓိက အကြောင်းအရာအဖြစ် ထားရှိကာ ယခုခေတ်အနုပညာနှင့် ဖန်တီးမှုများကို နည်းလမ်းအဖြစ် အသုံးပြုပြီး ယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေဆက်ခံခြင်း၊ ယခုခေတ်လူနေမှုဘဝနှင့် ပေါင်းစပ်ခြင်းတို့ကို ဦးတည်ချက်အဖြစ် ထားရှိ၍ အရေအတွက် အခု (၁၀၀) နီးပါးရှိသော ခေတ်ကာလအငွေ့အသက်များစွာ ပါရှိသည့် ရာသီချိန် အမြင်အာရုံခံစားမှုဆိုင်ရာ ယဉ်ကျေးမှုလက်ရာများကို ဖန်တီးပြုလုပ်ခဲ့ပါသည်။
ကျေးဇူးပြု၍ လင့်ခ်ကို နှိပ်၍ ပြပွဲသို့ ဝင်ရောက်ကြည့်ရှုပါ။