ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - လက်ဖက်နှင့် ချင်းမင်ပွဲတော်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-19 11:25:34



တရုတ်နိုင်ငံသည် လက်ဖက်ခြောက်ဌာနေ ဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း၏ လက်ဖက်ပင်သည် အလွန်ကောင်းမွန်လှသည်။ ရှေးယခင်ခေတ်ကတည်းကပင် လက်ဖက်ရွက်သည် တရုတ်ယဉ်ကျေးမှု၏ ဘက်ပေါင်းစုံတွင် ပါဝင်ခဲ့ပြီး ကဗျာများ၊ တေးသံစဉ်များ၊ အခမ်းအနားပွဲများနှင့် ဓလေ့ထုံးစံများတွင် ပါစမြဲ ဖြစ်သည်။ လက်ဖက်ရည်ကြမ်းပရိသတ်များအနေဖြင့် လက်ဖက်ရည်ကြမ်းကို ကြိုက်နှစ်သက်ရခြင်းမှာ လက်ဖက်ရည်ကြမ်း၏ အရသာအပြင် လက်ဖက်ရည်ကြမ်းအနုပညာ၏ ထုံးတမ်းသဘာဝ ကျက်သရေဆောင်မှုများကြောင့်ပင် ဖြစ်သည်။ လက်ဖက်ရွက်ခူးခြင်းအလေ့အထသည် နွေဦးရာသီ၏ အရေးပါသော လှုပ်ရှားမှုဓလေ့တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ယန်စီမြစ်မြစ်ဝှမ်းဒေသတွင် ကျင့်သုံးလေ့ရှိသည်။ ချင်းမင်ပွဲတော်(တရုတ်သင်္ချိုင်းကန်တော့ပွဲ)ကာလတွင် အပူချိန် စတင် မြင့်တက်လာပြီး မိုးရွာသွန်းမှု တဖြည်းဖြည်း များလာသည်။ ယင်းအချိန်တွင် ခူးယူရရှိသော လက်ဖက်ရွက်သည် အရည်အသွေး ကောင်းမွန်ပြီး အရေအတွက် မများပေ။ ယင်းကဲ့သို့ လက်ဖက်ရွက်များကို လူကြိုက်များပြီး “ချင်းမင်ပွဲတော်မတိုင်မီ ခူးယူသော လက်ဖက်ရွက်” ဟု ခေါ်ဆိုကြသည်။