ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - ခွန်ချွီအော်ပရာ (Kunqu)
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-20 18:55:31
ခွန်ချွီအော်ပရာ (Kunqu) သည် သံစဉ်ငြိမ့်ညောင်းခြင်း၊ အဆိုပီပြင်ခြင်း၊ ခံစားသက်ဝင်မှုကောင်းခြင်းများကြောင့် လူကြိုက်အများဆုံး တရုတ်အော်ပရာပြဇာတ် အမျိုးအစားထဲတွင် ပါဝင်လာခဲ့သည်။ နာမည်ကျော် ခွန်ချွီအော်ပရာ “The Peony Pavilion” အား ရေးစပ်ခဲ့သူ Tang Xianzu ကို စာရေးဆရာ Shakespeare နှင့်ပင် ယှဉ်တွဲ၍ ပြောဆိုလေ့ ရှိကြပြီး “The Peony Pavilion” သည် ယနေ့ထက်တိုင် ပရိသတ်များ၏ နှစ်ခြိုက်အားပေးမှုကို ရရှိဆဲ ဖြစ်သည်။