ကူမင်းမြို့မှ ကလေးငယ်များ၏ သံသာချိုတေး၊ မိခင်ကမ္ဘာမြေအပေါ် နက်ရှိုင်းသော ချစ်ခြင်းဋီကာ
ဤဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“မိခင်ကမ္ဘာမြေ”သည် “ဇီဝမျိုးစုံမျိုးကွဲညီလာခံ” အဖွဲ့ဝင်နိုင်ငံများ၏ (၁၅)ကြိမ်မြောက်အစည်းအဝေး(CBD COP15)၏ Theme Song ဖြစ်သည်။ “ဒီကမ္ဘာပေါ်ဝယ် စုံလင်ကွဲပြား ဘာသာစကားများ၊ အားလုံးအတွက် တူညီသောစကားသံဟာ ‘မိခင်’လို့ ခေါ်ဆိုမှုပါ။ မိခင်ရဲ့ မိခင် ~ အို ~ တို့များရဲ့မိခင်၊ ဒါ တို့တွေအားလုံးရဲ့ ‘မိခင်ကမ္ဘာမြေ’လေ……” ဟူ၍ Kunming Forest Wonderland Choir မှ ကလေးငယ်များက ဖြူစင်ကြည်လင်သော အသံလေးများဖြင့် သီဆိုပြီး မိခင်ကမ္ဘာမြေအပေါ် ချစ်ခြင်းမေတ္တာတရားများကို ထုတ်ဖော်ပြသထားသည်။
ဤသည်မှာ သဘာဝတရားအပေါ် ချစ်ခင်မြတ်နိုးမှုကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သကဲ့သို့ မိခင်ကမ္ဘာမြေအပေါ် ဂုဏ်ပြုသီကျူးထားသော တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပေသည်။ သီချင်းသံစဉ် ငြိမ့်ညောင်းသာယာပြီး ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းကာကွယ်ရေး၊ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး မျှဝေခံစားနိုင်သည့် ဘုံအသိုက်အဝန်းအဖြစ် အတူတကွတည်ဆောက်ရေးဆိုသည့် သဘာဝတရားအပေါ် သဘောထားခံယူချက်များကို ဖော်ဆောင်နေသည်။