“မွန်မြတ်စွာကြိုးစား လုပ်သားပြည်သူများ - တရုတ်နိုင်ငံအမျိုးသားအနုပညာပြတိုက်ရှိ အနုပညာလက်ရာများမှ လုပ်သားပြည်သူတို့၏ပုံရိပ်” ပြပွဲ (၂)
တရုတ်နိုင်ငံအမျိုးသားအနုပညာပြတိုက်မှ ကြီးမှူးကျင်းပသည့် “မွန်မြတ်စွာကြိုးစား လုပ်သားပြည်သူများ - တရုတ်နိုင်ငံအမျိုးသားအနုပညာပြတိုက်ရှိ အနုပညာလက်ရာများမှ လုပ်သားပြည်သူတို့၏ပုံရိပ်” ပြပွဲသည် လုပ်အားနှင့် လုပ်သားပြည်သူများ၊ ကမ္ဘာလောက ပြောင်းလဲမှုအရွေ့ဖြစ်စဉ်ကို ဖန်တီးပေးသော သမိုင်းဝင်တွန်းအားများကို ဂုဏ်ပြုသည့် ချီးမြှောက်မှုတစ်ရပ်ပင် ဖြစ်သည်။
အဆိုပါပြပွဲတွင် “ရိုးသားဖြူစင်သော စိတ်ဝိညာဉ်အတွေးပုံရိပ်” ၊ “တက်ညီလက်ညီဖြစ်သော အလုပ်သမားတေး” ၊ “သာယာလှပသော ရှုမျှော်ခင်း” နှင့် “ရဲရင့်သော ကပ်ရောဂါတွန်းလှန်တိုက်ဖျက်ရေး စစ်သည်တော်” ဟူ၍ ကဏ္ဍ(၄)ရပ် ခွဲထားပါသည်။ ဤလက်ရာဖန်တီးမှုများသည် နှစ်ပေါင်း (၉၀) အချိန်ကာလကို ဖြတ်သန်းလာခဲ့ပြီး ရှုထောင့်အမြင်နှင့် နည်းစနစ်လက်ရာများ ကွဲပြားသော်လည်း ၎င်းတို့မှ ထင်ဟပ်ဖော်ဆောင်ထားသော ခေတ်ကာလစိတ်ဓာတ်၊ အလှတရားခံယူချက်၊ အနုပညာရပ်ဆိုင်ရာ ဝိသေသလက္ခဏာများနှင့် အနုပညာနယ်ပယ် အားလုံးတို့သည် လုပ်သားပြည်သူများအပေါ် အနုပညာရှင်များ၏ စိတ်နှလုံးထဲမှ နက်နက်ရှိုင်းရှိုင်း လေးစားသည့် ခံစားချက်များကို ထင်ရှားစွာ မီးမောင်းထိုး ပြသထားပါသည်။

Wang Yingchun/Yang Lizhou “Roar of the Yellow River” 1979 Chinese Painting

He An “ Dawn of Xi Sha Island” 1979 Oil Painting

Luo Lizhong “ Father” 1980 Oil Painting

Guang Yanbo “Sweet and Molten Steel ” 1981 Oil Painting

Zhang Dedi “ Day and Night” 1982 Jade Sculpture

Zhai Jianjun “Wave” 1984 Oil Painting

Jin Shangyi “ Doctor “ 1987 Oil Painting

Wu Weishan “ Kong Fansen” 2008 Bronze Sculpture

Chen Jian “ Harvest” 2010 Water Color

Ma Lei/ Zhang Caiyi “Laureate” 2019 Oil Painting
