“ကျွန်ုပ်နှင့်တရုတ်နိုင်ငံ၏ အမှတ်မထင် ဆုံစည်းမှု” ကမ္ဘာတစ်ဝှမ်း အွန်လိုင်းစာမူတောင်းခံခြင်းအစီအစဉ် စတင်ပါပြီ
တရုတ်နိုင်ငံ CCTV ရုပ်သံလိုင်းဝဘ်ဆိုဒ်မှ ကျင်းပပြုလုပ်တဲ့ “ကျွန်ုပ်နှင့်တရုတ်နိုင်ငံ၏ အမှတ်မထင် ဆုံဆည်းမှု” ကမ္ဘာတစ်ဝှမ်း အွန်လိုင်းစာမူတောင်းခံခြင်းအစီအစဉ် စတင်ပြီဖြစ်လို့ အကြောင်းရေစက်ဆုံတဲ့ “လူပုဂ္ဂိုလ်”၊ “ကိစ္စရပ်”၊ “အရာဝတ္ထု” အကြောင်းများကို မြန်မြန်လေး ပေးပို့ဝေမျှလိုက်ကြရအောင်နော်။
“လူပုဂ္ဂိုလ်” မှာဆိုရင် တရုတ်နိုင်ငံမှာ သိကျွမ်းခဲ့တဲ့ မိတ်ဆွေအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံ့ရတနာ ပန်ဒါဝက်ဝံဆိုရင်လည်း ရပါတယ်နော်။ “အရာဝတ္ထု” ဆိုရင် ဖော်ကျူးပုံ ပုံစံ အမျိုးမျိုးရှိပြီး “အရာဝတ္ထု” မှတစ်ဆင့် သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်များကို ဖော်ထုတ်ပြသနိုင်ပါတယ်။ သာဓကဆိုရရင် တရုတ်ဂီတတူရိယာ၊ တေးသီချင်း၊ အက၊ ဝူရှူး စတာတွေသာမက တမူထူးခြားလှတဲ့ တရုတ်ရိုးရာအစားအစာ ဟင်းတစ်မယ်ဆိုလည်း မျှဝေနိုင်ပါတယ်နော်။ “ကိစ္စရပ်” မှာတော့ မေတ္တာရေစက်ကြောင်းတစ်ကြောင်း သို့မဟုတ် တရုတ်နိုင်ငံမှာ ထင်ကျန်ရစ်ခဲ့တဲ့ အမှတ်ရစရာ အကြောင်းတစ်ရပ် သို့မဟုတ် တီဗွီဖန်သားပြင်ထက်မှာ ကြည့်ရှုဖူးတဲ့ တရုတ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ပုံပြင်ဇာတ်လမ်းများအပေါ် ခံစားသက်ဝင် ဖော်ထုတ်ပြသခြင်းများ စသဖြင့်.……
(၄၅) စက္ကန့်အထက် ကြာမြင့်ပြီး ကြည်လင်ရှင်းလင်းသည့် HD ဗီဒီယို သို့မဟုတ် စာလုံးရေ (၁၀၀) အတွင်းရှိ ရေးသားဖော်ပြချက်နှင့်တကွ ပါရှိသော ဓါတ်ပုံကို cccygn@chinaculture.org သို့ ဇန်နဝါရီလ (၃၁) ရက်နေ့ နောက်ဆုံးထား ပေးပို့ပြီး သင်၏ ပုံပြင်အကြောင်းအရာကို CCTV ရုပ်သံလိုင်း ဝဘ်ဆိုဒ်စင်္ကြံမှတစ်ဆင့် လူအများအပြားအား သိရှိစေလိုက်ပါ။ အကယ်၍ သင့်လက်ရာ/ စာမူ ရွေးချယ်ခံရရင် လျှို့ဝှက်ဆန်းပြားလှတဲ့ လက်ဆောင်ကြီးတစ်ခု ရရှိပိုင်ဆိုင်နိုင်ရန်အတွက် အခွင့်အရေး ပိုမိုရရှိစေမှာပဲ ဖြစ်ပါတယ်။
သင်နဲ့ တရုတ်နိုင်ငံရဲ့ ဇာတ်လမ်းပုံပြင်၊ မေတ္တာသံယောဇဉ် ခံစားချက်များကို မျှဝေလိုက်ပါ။ သင် ပါဝင်ဖို့အတွက် မျှော်လင့်နေပါတယ်နော်။