၂၀၂၁ ခုနှစ် နှစ်သစ်တွင် ပျော်ရွှင်ပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ နှစ်သစ်ဆုမွန်ကောင်းတောင်း
နှစ်သစ်ကူးခေါင်းလောင်းသံသည် ပျော်ရွှင်သာယာမှုများကို အစချီဖွင့်လှစ်စေသည်။
နှစ်သစ်ကူးသီချင်းသံသည် ကျက်သရေမင်္ဂလာတေးသွားများကို သီဆိုမြည်ဟည်းစေသည်။
နှစ်သစ်၏ မီးရှူးမီးပန်းများသည် စိတ်ပျော်ရွှင်မှုများကို တဖွားဖွား ခံစားစေသည်။
နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားသည် နွေးထွေးသော ဆုမွန်ကောင်းများကို သယ်ဆောင်လာပေးသည်။
ထွန်းလင်းတောက်ပသော ကြယ်တာရာများသည် ပျော်ရွှင်မှုကို ဖြစ်စေပြီး မီးရှူးမီးဒိုင်းများ ဖောက်လွှတ်မှုသည် မင်္ဂလာရှိမှုကို ဖော်ဆောင်နေသည်။
မီးရှူးမီးပန်းများသည် ပျော်ရွှင်ချမ်းမြေ့မှုများကို ဖော်ဆောင်နေပြီး ချစ်ကြည်ရင်းနှီးမှုများလည်း အဓွန့်ရှည်တည်တံ့စေလိုပါသည်။
၂၀၂၁ခုနှစ် နှစ်သစ်မင်္ဂလာအချိန်အခါတွင် နှစ်သစ်၌ ပျော်ရွှင်ချမ်းမြေ့ပါစေ။ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ပါစေ။
မိသားစုနှင့်အတူ စည်းစည်းလုံးလုံး နေထိုင်နိုင်ပြီး ကျန်းမာအေးချမ်းကြပါစေ။
စိတ်ကူးသမျှ အကောင်ထည်ဖော်နိုင်ပါစေ။ ကံပွင့်ကာ ကံကောင်းမှုများ ရောက်ရှိလာပါစေကြောင်း
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။