ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း” အတွက် သင်တန်းသားများ စတင်လက်ခံနေပါပြီ
အားလုံးစောင့်မျှော်နေကြတဲ့ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း”ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ Wang Florist တို့ ပူးပေါင်းစီစဉ်ပြီး မကြာမီအချိန်အတွင်းမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ ယခုတစ်ခေါက်သင်တန်းဟာဆိုရင် ပန်းထိုးခြင်းအတွေ့အကြုံ မရှိသူများ၊ ပန်းအလှအနုပညာကို ဝါသနာပါသူများ၊ တရုတ်စတိုင် ပန်းအလှဆင်မှုပုံစံကို နှစ်သက်သူများ၊ ပန်းအလှအနုပညာနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတများကို စနစ်တကျ လေ့လာလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ တရုတ်စတိုင်ပန်းအလှအနုပညာဟာဆိုရင် ကျက်သရေရှိခြင်း၊ တင့်တယ်လှပခြင်း၊ အဓိပ္ပာယ်လေးနက်ခြင်း၊ လိုက်လျောညီထွေရှိခြင်း စတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ တရုတ်စတိုင်ပန်းအလှအနုပညာနဲ့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို အလှဆင်ပြီး မိသားစုနေ့စဉ်လူမှုဘဝမှာ အလှအပရသများနဲ့ ချစ်ခင်နွေးထွေးမှုများ ဖြည့်တင်းပေးနိုင်သည့်အပြင် ပန်းများနဲ့ အဖော်ပြုနေထိုင်ခြင်းက စိတ်ဘဝင် ကြည်နူးရွှင်လန်းကာ စိတ်ချမ်းမြေ့စေနိုင်တာမို့လို့ စိတ်ပါဝင်စားသူများ အမြန်ဆုံး လာရောက်ပြီး အမည်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
သင်တန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ
❖ သင်တန်းအပ်နှံရန် စည်းကမ်းချက်များ
၁။ ဤသင်တန်းကြေညာချိန်မှစတင်၍ မတ်လ (၂၂) ရက်နေ့အထိ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း (တနင်္ဂနွေနှင့် တနင်္လာနေ့မှအပ) ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် စပေါ်ငွေ (၂) သောင်းကျပ်ဖြင့် လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သင်တန်းသားများကို ဦးရာလူစနစ်ဖြင့် လက်ခံပြီး သတ်မှတ်ဦးရေပြည့်လျှင် သင်တန်းသားလက်ခံမှု ရပ်ဆိုင်းပါမည်။
၂။ အခြားသိရှိလိုသည်များအတွက် ဖုန်းနံပါတ် ၀၁-၂၃၀၂၆၃၁၊ ၀၁-၂၃၀၂၆၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ Facebook Page - “Chinese Culture Center Yangon” ၏ Messenger တွင်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
❖ အခြားသတိပြုရန်အချက်များ
၁။ အခြေခံမှစ၍ သင်ယူလိုသူများ တက်ရောက်နိုင်ပါသည်။
၂။ သင်တန်းအပ်နှံပြီးသော သင်တန်းသားများသည် ၂၄.၃.၂၀၂၃ မွန်းလွဲ ၂:၃၀ အချိန်၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပမည့် သင်တန်းဖွင့်ပွဲကို တက်ရောက်ရပါမည်။
၃။ ၂၉.၃.၂၀၂၃ တွင် သင်တန်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလတစ်ခုလုံးအတွက် သင်တန်းချိန် စုစုပေါင်း (၄) ချိန် သတ်မှတ်ထားသည်။
၄။ သင်တန်းပို့ချမှုအား ကောင်းမွန်စွာ တတ်မြောက်နိုင်ရန် သင်တန်းသားများအနေဖြင့် အတန်းချိန်မှန်မှန် တက်ရောက်ပြီး သင်ယူရန် လိုအပ်ပါသည်။