အသိပေးကြေညာချက် (၁၄-၃-၂၀၂၃)
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-14 20:15:23
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ တရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း” အစီအစဉ်၏ စုတ်တံလက်ရေးလှသင်တန်းနှင့် ဖောင်တိန်လက်ရေးလှသင်တန်းတွင် သတ်မှတ်သင်တန်းသားဦးရေ ပြည့်သွားပြီဖြစ်၍ သင်တန်းအပ်နှံမှု စာရင်းပိတ်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ယခုကဲ့သို့ စိတ်ဝင်တစားဖြင့် အမည်စာရင်းများ လာရောက်ပေးသွင်းကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ နောက်နောင်မှာလည်း စင်တာတွင် သင်တန်းသစ်များ ဖွင့်လှစ်ပါက ဤ Page မှတစ်ဆင့် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Social Media Platform များကို ဆက်လက်အားပေးကြရန်လည်း ဖိတ်ခေါ်အပ်ပါသည်။