ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း” အတွက် သင်တန်းသားများ စတင်လက်ခံနေပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-13 17:15:20


CD4E928A@04067B63.199D0E6400000000.jpg


တရုတ်စာလက်ရေးလှ အတတ်ပညာသည် တရုတ်စာလုံးများ၏ ထူးခြားမှုကို ဖော်ပြပေးနိုင်သော ရိုးရာအနုပညာတစ်မျိုး ဖြစ်ပြီး စုတ်တံလက်ရေးလှနှင့် ဖောင်တိန်လက်ရေးလှဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။ မြန်မာပရိသတ်များအား တရုတ်စာလက်ရေးလှ အတတ်ပညာ၏ အလှတရားများကို လေ့လာခံစားနိုင်စေရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ တရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့တို့မှ ပူးပေါင်း၍ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း” ကို စီစဉ်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ယခုတစ်ခေါက် တရုတ်စာလက်ရေးလှသင်တန်းမှတစ်ဆင့် သင်တန်းသားများ၏ တရုတ်စာလက်ရေးလှအပေါ် စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်ရုံသာမက တရုတ်ရိုးရာယဉ်ကျေးမှုအကြောင်းကိုလည်း ပိုမိုသိရှိနားလည်စေနိုင်မည် ဖြစ်သည်။


သင်တန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ


WeChat Image_20230313121632.jpg


❖ သင်တန်းနေရာ 

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ (အမှတ် (၃၉) ၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။)


❖ သင်တန်းအပ်နှံရန် စည်းကမ်းချက်များ

၁။ ဤကြေညာချက် ထုတ်ပြန်ချိန်မှစတင်၍ မတ်လ (၂၂) ရက်နေ့အထိ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း (တနင်္ဂနွေနှင့် တနင်္လာနေ့မှအပ) ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သင်တန်းသားများကို ဦးရာလူစနစ်ဖြင့် လက်ခံပြီး သတ်မှတ်လူဦးရေပြည့်လျှင် သင်တန်းသားလက်ခံမှု ရပ်ဆိုင်းသွားပါမည်။

၂။ အမည်စာရင်း လာရောက်ပေးသွင်းသည့်အခါတွင် သင်တန်းသား၏ မှတ်ပုံတင် (သို့မဟုတ်) ကျောင်းသားကတ်မိတ္တူနှင့်တကွ အမည် (မြန်မာ၊ တရုတ်) ၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ ဆက်သွယ်ရန်လိပ်စာတို့ကို ဖော်ပြပေးရပါမည်။

၃။ အခြားသိရှိလိုသည်များအတွက် ဖုန်းနံပါတ် ၀၁-၂၃၀၂၆၃၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ Facebook page – “Chinese Culture Center Yangon” ၏ Messenger တွင်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


❖ အခြားသတိပြုရန်အချက်များ

၁။ အခြေခံမှစ၍ သင်ယူလိုသူများ တက်ရောက်နိုင်ပါသည်။

၂။ သင်တန်းအပ်နှံပြီးသော သင်တန်းသားများသည် ၂၄.၃.၂၀၂၃ မွန်းလွဲ ၂း၃၀ အချိန်၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပမည့် သင်တန်းဖွင့်ပွဲကို တက်ရောက်ရပါမည်။

၃။ သင်တန်းပို့ချမှုအား ကောင်းမွန်စွာ တတ်မြောက်နိုင်ရန် သင်တန်းသားများအနေဖြင့် အတန်းချိန်မှန်မှန် တက်ရောက်ပြီး သင်ယူရန် လိုအပ်ပါသည်။ 

၄။ သတ်မှတ်သင်တန်းချိန်ပြည့်မှီအောင် တက်ရောက်နိုင်သည့် သင်တန်းသားသာလျှင် စွမ်းရည်စစ်ဆေးမှုစာမေးပွဲ ဖြေဆိုခွင့်ရှိပြီး ဖြေဆိုအောင်မြင်သူအား တရုတ်ယဉ်ကျေးမှုစင်တာမှ သင်တန်းပြီးမြောက်ကြောင်း မှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။