၂၀၂၂ ခုနှစ် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” - “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်”ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ် စတင်လိုက်ပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-07 12:09:22


WeChat Image_20220907092835.jpg


ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ပြန်လည်ဆုံစည်းခြင်းကို ကိုယ်စားပြုသော ပျော်ရွှင်ဖွယ်ရာအချိန်အခါ ဖြစ်သကဲ့သို့ အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပေသည်။ ၂၀၂၂ ခုနှစ် ဆောင်းဦးလယ်လမုန့်ပွဲတော် ရောက်ရှိလာတော့မည့် အချိန်အခါသမယတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပသော “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ်၌ ပေးပို့ပါဝင်နိုင်ပါကြောင်းနှင့် ပေးပို့ပါဝင်လိုသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မတိုင်မီ သက်ဆိုင်ရာလိုအပ်ချက်နှင့် လုပ်ဆောင်မှုအဆင့်များအတိုင်း ဗီဒီယိုလက်ရာများကို ပေးပို့‌ကာ မိမိခံစားချက်နှင့်အမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော် အကြောင်းအရာများကို မျှဝေပေးနိုင်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


WeChat Image_20220907092840.jpg


၁။ ပွဲအစီအစဉ်ခေါင်းစဉ်


တူယှဉ်နွှဲပျော် ဆောင်းဦးလယ်လမုန့်ပွဲတော်၊ စိတ်ချင်းဆက်နွယ် ပြည်သူများအကြားဝယ်။


၂။ ပေးပို့ပါဝင်နိုင်သူများ


အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော် အကြောင်းအရာနှင့် အတွေ့အကြုံများကို မျှဝေလိုသူ မြန်မာနိုင်ငံသား မည်သူမဆို ပေးပို့ပါဝင်နိုင်ပါသည်။


၃။ ပွဲအစီအစဉ်ကျင်းပချိန်


ဗီဒီယိုလက်ရာများ စုဆောင်းလက်ခံခြင်း - ဤကြေညာချက်ထုတ်ပြန်ချိန်မှစ၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (မြန်မာစံတော်ချိန် ည ၉:၀၀ နာရီအထိ)

ဗီဒီယိုလက်ရာများ အကဲဖြတ်ရွေးချယ်ခြင်း - ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ

ထူးချွန်ဗီဒီယိုလက်ရာများ ရွေးချယ်ခံရမှုစာရင်း ထုတ်ပြန်ကြေညာခြင်း - ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ရွေးချယ်ခံရသူများစာရင်းကို ကြေညာပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် စင်တာ၏ မီဒီယာပလက်ဖောင်းများ၌ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သည်။


၄။ စုဆောင်းလက်ခံမှုအကြောင်းအရာ


ဆောင်းဦးလယ်လမုန့်ပွဲတော်၏ ဒဏ္ဍာရီပုံပြင်၊ ဓလေ့ထုံးတမ်း၊ အစားအသောက်၊ လမုန့်ပြုလုပ်နည်း အစရှိသည့် ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် သက်ဆိုင်သော ဗီဒီယိုများ၊ ဆောင်းဦးလယ်လမုန့်ပွဲတော်ယဉ်ကျေးမှု၏ များပြားစုံလင်မှုများကို ထင်ဟပ်ဖော်ပြသော၊ ဆောင်းဦးလယ်လမုန့်ပွဲတော်၏ ချစ်ခင်ရင်းနှီးစွာ ပြန်လည်ဆုံစည်းကြခြင်း ယဉ်ကျေးမှုအနှစ်သာရများကို ဖော်ဆောင်သော ဗီဒီယိုများဖြင့် ပေးပို့ပါဝင်နိုင်သည်။ ဗီဒီယိုလက်ရာများကို ဘာသာစကားဖြင့် တင်ဆက်ပြောဆိုခြင်း၊ သီချင်း၊ ကဗျာ၊ စာသားပန်းချီ၊ အက အစရှိသည့် ပုံစံအမျိုးမျိုးဖြင့် ပေးပို့ပါဝင်နိုင်သည်။ ဘာသာစကားအနေဖြင့် မြန်မာဘာသာစကားဖြင့်ဖြစ်စေ၊ တရုတ်ဘာသာစကားဖြင့်ဖြစ်စေ ပေးပို့ပါဝင်နိုင်ပါသည်။


၅။ ဗီဒီယိုလက်ရာလိုအပ်ချက်


ဗီဒီယိုအရည်အသွေး - 1920x1080 resolution (Full HD), 16:9 ratio 

ဗီဒီယိုကြာချိန် - ၂~၃ မိနစ်


၆။ ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့် ဆုပေးပွဲအခမ်းအနား


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ရွေးချယ်ခံရသော ထူးချွန်ဗီဒီယိုလက်ရာ (၁၀)ခုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ယင်းဗီဒီယိုများကို စင်တာ၏ မီဒီယာပလက်ဖောင်းများတွင် တင်ဆက်ပြသကာ ပရိသတ်များအား မျှဝေပေးသွားမည်ဖြစ်သည်။

ကိုဗစ်(၁၉) ကူးစက်ရောဂါ ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ စက်တင်ဘာလ (၃၀)ရက်နေ့မတိုင်မီ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ဆုပေးပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ပြီး အခြားမြို့မှ ဆုရွေးချယ်ခံရသူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများကို စာတိုက်မှတစ်ဆင့် ပေးပို့ပေးသွားမည် ဖြစ်ပါသည်။


၇။ အခြားသတိပြုရန်အချက်များ


(က) ပေးပို့ပါဝင်လိုသူသည် မိမိပေးပို့လိုက်သည့် ဗီဒီယိုလက်ရာ၏ အလုံးစုံမူပိုင်ခွင့် (သို့) ပါဝင်ပြသသည့် ဗီဒီယိုလက်ရာ၏ မူပိုင်ခွင့်အသိအမှတ်ပြုခွင့်ပြုချက် ရှိရမည်။

(ခ) ဤပွဲအစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။


၈။ ပေးပို့ပါဝင်ရန်နှင့် ဆက်သွယ်ရန်


အီးမေးလ် - cccygn@chinaculture.org

ဆက်သွယ်ရန် - Ms.Liang 09421093629