၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” “လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ကလေးပန်းချီပြိုင်ပွဲအစီအစဉ် စတင်စာရင်းပေးသွင်းနိုင်ပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-05 16:40:44



တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ခြင်းနှင့် လေ့လာသင်ယူခြင်းများကို မြှင့်တင်လုပ်ဆောင်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားအ‌ရင်းအမြစ်များကို မြန်မာပရိသတ်များ  ပိုမိုသဘောပေါက်နားလည်လာစေရန်နှင့် ပြည်သူများအချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “လှပစုံညီ တရုတ်ပြည်” ခေါင်းစဉ်ဖြင့် မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ကလေးပန်းချီပြိုင်ပွဲအစီအစဉ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။ မြန်မာပြည်တစ်ဝှမ်းရှိ ပန်းချီဝါသနာရှင် ကလေးငယ်လေးများအားလုံး ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲပြီး မိမိတို့၏ ပန်းချီပါရမီကို ဖော်ထုတ်ကြရန် လှိုက်လှဲစွာ ဖိတ်ခေါ်ရင်း ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့်အတူ ပြိုင်ပွဲဝင်လေးများအားလုံးကို စောင့်မျှော်ကြိုဆိုလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။


၁။ ပြိုင်ပွဲအချိန်


၆-၉-၂၀၂၂ မှ ၁၅-၉-၂၀၂၂ အထိ ပြိုင်ပွဲဝင်လက်ရာများကို ပေးပို့နိုင်ပါသည်။

၁၆-၉-၂၀၂၂ မှ ၂၀-၉-၂၀၂၂ အထိ ပြိုင်ပွဲဝင်လက်ရာများကို အကဲဖြတ် ရွေးချယ်သွားမည်။ 

၂၁-၉-၂၀၂၂ တွင် ဆုရရှိသည့် ပြိုင်ပွဲဝင်လက်ရာများကို ကြေညာသွားပါမည်။ 


၂။ ပါဝင်ယှဉ်ပြိုင်နိုင်သူများ


အသက် (၆)နှစ်မှ (၁၆)နှစ်အရွယ်ရှိ ပန်းချီဝါသနာရှင်လူငယ်လေးများ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။


၃။ ပန်းချီလက်ရာကန့်သတ်ချက်


တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးခေါင်းစဉ်ကို ဗဟိုပြု၍ တရုတ်နိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ အထင်ကရ ရှုမျှော်ခင်းနေရာများ၊ မြို့များ၊ လမ်းများ၊ ကျေးလက်ရှုခင်းများ၊ တောဓလေ့ပုံရိပ်များ၊ လူပုဂ္ဂိုလ်၊ ဆင်ယင်ထုံးဖွဲ့မှု၊ တရုတ်ရိုးရာ အစားအသောက်များ၊ ပွဲတော်ရက်များ၊ အဆောက်အဦများနှင့် သမိုင်းကြောင်းပုံပြင်များ စသည်တို့ကို ရေးဆွဲနိုင်ပါသည်။ ပန်းချီရေးဆွဲရာတွင် မိမိနှစ်သက်သည့် ပန်းချီအမျိုးအစားကို ရွေးချယ်ရေးဆွဲနိုင်ပါသည်။ ဥပမာ - ဆီဆေးပန်းချီ၊ ပုံကြမ်းပန်းချီ ၊ ဂရက်ဖတီ (Graffiti) ၊ မင်ပန်းချီ၊ ရေဆေးပန်းချီ စသဖြင့် ပြိုင်ပွဲဝင်များစိတ်ကြိုက် ဆန်းသစ်ဖန်တီး ရေးဆွဲနိုင်ပါသည်။  


၄။ ဆုအမျိုးအစားနှင့် ဆုစာရင်း


ပြိုင်ပွဲဝင်ရောက်နိုင်သည့် အသက်ကန့်သတ်ချက်

Group (A) - (အသက် ၆နှစ်မှ ၁၁ နှစ်) 

Group (B) - (အသက် ၁၂ နှစ်မှ ၁၆ နှစ်)


ချီးမြှင့်မည့် ဆုအမျိုးအစား 

Popular Choice Award ဆု - (၃) ဆု

အလှဆုံးခြယ်မှုန်းနိုင်မှုဆု - (၃) ဆု

အကောင်းဆုံး ပေါင်းစပ်ဖွဲ့စည်းနိုင်မှုဆု - (၃) ဆု

စုစုပေါင်း (၁၈) ဆု 


၅။ လက်ရာပေးပို့ယှဉ်ပြိုင်မှုပုံစံ


ပြိုင်ပွဲဝင်များအနေဖြင့် မိမိ၏ ပန်းချီလက်ရာပေါ်တွင် နာမည်ရေးထိုးကာ ထိုနာမည်ရေးထိုးထားပြီးသော ပန်းချီလက်ရာ၏ ဓာတ်ပုံနှင့် ပြိုင်ပွဲဝင်ကိုယ်တိုင် မိမိ၏ ပန်းချီလက်ရာအား ကိုင်ဆောင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတို့ကို စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook  Post https://www.facebook.com/cccyangon/posts/pfbid0Y31ZeGMABtFehMaH8pGuEPJqgN5TLAkRhNX1dw5NCURQz7zkDZ7evATqhq9XuhPFl တွင် Comment ပေးပို့ကာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Comment ပေးပို့ရာတွင် ပြိုင်ပွဲဝင်၏ အမည်နှင့် အသက်ကိုပါ ထည့်သွင်းဖော်ပြပေးရမည် ဖြစ်သည်။ 


၆။ အခြားသတိပြုရန်အချက်များ


(က)ပြိုင်ပွဲဝင်ကိုယ်တိုင်ရေးဆွဲထားသော ပြိုင်ပွဲဝင်ရန် မူပိုင်ခွင့်ရှိသည့် ပန်းချီလက်ရာ ဖြစ်ရပါမည်။ 

(ခ)ပြိုင်ပွဲနှင့်ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ 

(ဂ)ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကိုဗစ်(၁၉) ကူးစက်ရောဂါ ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ ဆုပေးပွဲကို ရက်သတ်မှတ်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူပြိုင်ပွဲဝင်များအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပသော ဆုပေးပွဲသို့ ဆုတက်ရောက်ယူရန် ဖိတ်ကြားသွားပါမည်။ ဆုပေးပွဲသို့ မတက်ရောက်နိုင်သော ဆုရပြိုင်ပွဲဝင်များထံသို့လည်း ဆုလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ စာတိုက်မှ ပေးပို့ပေးသွားမည် ဖြစ်ပါသည်။ 


ပန်းချီဝါသနာအိုးလေးများအားလုံး လက်စွမ်းပြကာ ဆုရရှိနိုင်စေဖို့ အမြန်ဆုံး ပါဝင်ယှဉ်ပြိုင်လိုက်ကြပါစို့ …