တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - အများအကျိုးရွက်သယ်ပိုး သမားတော်တို့နှလုံး တရုတ်တိုင်းရင်းဆေးပညာအကြောင်းတစေ့တစောင်း - အမှာစာနှင့် တရုတ်တိုင်းရင်းဆေးပညာမိတ်ဆက်
ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်တိုင်းရင်းဆေးပညာသည် တရုတ်ရှေးလူကြီးဘိုးဘေးများက လူမှုဘဝဆောင်ရွက်မှု လက်တွေ့လုပ်ဆောင်ခြင်းများမှ အဖန်ဖန် အနှစ်ချုပ်ပြီး ရရှိလာသည့် လူ့ခန္ဓာကိုယ်အတွက် ရောဂါကုသရာတွင် အကျိုးရှိသော ကုသရေးနည်းလမ်းတစ်တွဲ ဖြစ်သည်။ နှစ်ထောင်ချီကြာ လေ့လာဖော်ထုတ်ခြင်း၊ တိုးတက်လာခြင်းများမှတစ်ဆင့် တရုတ်တိုင်းရင်းဆေးပညာသည် ကိုယ်ပိုင်ဟန်ဖြင့် တမူထူးခြားသည့် ဒဿနိကအတွေးအမြင် အနှစ်သာရနှင့် သဘောတရားများ၏ တည်ဆောက်မှုစနစ်အဖြစ် ဖြစ်တည်လာခဲ့သည်။ တရုတ်လူမျိုးများ၏ ပါးနပ်ထက်မြတ်မှုများကို စုစည်းထားရှိပြီး တရုတ်ရှေးခေတ်သိပ္ပံပညာ၏ အဖိုးတန်ရတနာ ဖြစ်သည့်အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှုရတနာသိုက်ကို ဖွင့်လှစ်ပေးသည့် သော့တစ်ချောင်းလည်း ဖြစ်ပေသည်။


ဤကဏ္ဍတွဲ၏ ဗီဒီယိုသည် ပုံပြင်ဇာတ်လမ်းတိုလေးများမှတစ်ဆင့် သင့်အား တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုကို နားလည်စေမည် ဖြစ်ပါသည်။





