Covid-19ရောဂါကို ကာကွယ်ရင်း stay at home လုပ်နေရပြီလား။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ သင့်အား “Visiting China Online ”ဖြင့် လည်ပတ်ရန် ဖိတ်ခေါ်ပါရစေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:43:23

လူတိုင်း၏ အတွေးထဲတွင်

တရုတ်နိုင်ငံကြီးရှိပေသည်။

မဟာတံတိုင်းကြီး၊ ရှေးဟောင်းနန်းတော်၊

ချင်ဧကရာဇ်ဂူဗိမာန်ပြတိုက်အစရှိသည့်

ကမ္ဘာအံ့ဖွယ်နေရာများ၊ လူသားတို့၏ အဖိုးတန်ရတနာတို့သည်

ရှေးကျပြီး လျှို့ဝှက်နက်နဲပြီး အလှမ်းဝေးသော်လည်း 

ကမ္ဘာ့၏အံ့ဖွယ်နေရာများတွင် ထိပ်ဆုံးတွင် ရပ်တည်နေလေသည်။ ဒါဖြင့်လျှင် 

သင်၏ အတွေးထဲက တရုတ်နိုင်ငံသည် မည်သို့သော ပုံသဏ္ဍာန်ရှိသနည်း။


微信图片_20210315091305.gif


"ခန္ဓာကိုယ်က မသွားနိုင်သော်လည်း စိတ်ကအဝေးကိုရောက်နေတတ်သည်" ဟူသော ရှေးစကားပုံရှိလေသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏ Covid-19ရောဂါအခြေအနေမှာ မပြီးဆုံးသေးပေ။

တစ်နိုင်ငံလုံးမှ Covid-19ရောဂါကို ကာကွယ်တိုက်ထုတ်ရန် ကြိုးပမ်းနေကြသော အချိန်ကာလဖြစ်သည့်အတွက် stay at homeလုပ်ပြီး ရောဂါကာကွယ်နေရသော မိတ်ဆွေတို့၏ နေ့စဉ်ဘဝများကို လှပအောင်လုပ်ဆောင်ပေးလိုပါသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ "Visiting China Online" ဟူသော ယဉ်ကျေးမှုခရီးသွားကဏ္ဍကို onlineဖြင့် စတင်ဖွင့်လှစ်လိုက်ပါသည်။

ချက်ချင်းထပြီး  onlineခရီးစဉ်ကို စတင်ရန် မိတ်ဆွေတို့အား ဖိတ်ခေါ်လိုက်ပါသည်။

အပြင်သို့မထွက်ဘဲ တရုတ်နိုင်ငံကြီးကို လက်တွေ့ရောက်ရှိခံစားနိုင်လိမ့်မည်။

သဘာဝတရားကြီး၏ ထူးခြားဆန်းကြယ်မှုများ၊ နေထိုင်မှုဘဝ၏ ထူးဆန်းအံ့ဩဖွယ်ရာများ၊ 

အနုပညာ၏ စိတ်လှုပ်ရှားဖွယ်ရာများ၊ လက်တွေ့ခံစားနိုင်သော အလှတရားများ၊

တရုတ်နိုင်ငံ၏ ကြီးမားမှု၊ တရုတ်နိုင်ငံ၏လှပမှုများသည်

သင့်၏ စိတ်ကူးအတွေးထက်တောင် သာလွန်နေလိမ့်မည်။


640.gif



"စိတ်ကူးအတွေးထက်တောင် သာလွန်နေသော တရုတ်နိုင်ငံ" မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ စတင်လိုက်သော ခရီးသွားမြှင့်တင်ရေး ရိုက်ကူးရေး အစီအစဉ်ဖြစ်ပြီး၊ အဖွဲ့အစည်းများစွာဖြင့် ဆောင်ရွက်နေသော ရုပ်သံတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံနေရာအနှံ့အပြားသို့ ဖြန့်ကျက်ထားပြီး တစ်နှစ်ခွဲ အချိန်ယူပြီး စိတ်နှစ်ကာ ရိုက်ကူးခဲ့ရသည်။ ရုပ်သံထဲတွင် တောတောင်ရေမြေအလှတရားများသည် လွန်စွာလှပပြီး၊ ယဉ်ကျေးမှုနှင့်ကဗျာများသည် ဤရုပ်သံ၏အနှစ်ဖြစ်သွားသည်။ အံ့ဩဖွယ်ရာ မြင်ကွင်းများနှင့် ယဉ်ကျေးမှုတို့သည် ဝိရောဓိဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် ခရီးသွားတစ်ယောက်ဖြစ်သွားပြီး နေ့စဉ်ဘဝများကို လက်တွေ့ကိုယ်တိုင်ခံစားနိုင်ပြီး နွေးထွေးမှုကို ပေးစွမ်းနိုင်သည်။ လှပသောတရုတ်နိုင်ငံကြီးမှာ နိုင်ငံခြားသားဧည့်သည်များ ပိုမိုလာရောက်ရန် မျှော်လင့်စောင့်စားနေသည်။ တရုတ်နိုင်ငံကို ရွေးချယ်ပါ၊ တရုတ်နိုင်ငံမှာ နေထိုင်ပါ၊ တရုတ်နိုင်ငံနှင့် တစ်သားတည်းကျပြီး တရုတ်နိုင်ငံကို ချစ်မြတ်နိုးပါ။

 



သဘာဝတရားကြီး၏ ထူးခြားဆန်းကြယ်မှုသည်

စိတ်ကူးအတွေးထက် သာလွန်နေသည်


640.gif


မြောက်ဘက်ခြမ်းရှိ လှပသော ဆီးနှင်းဖြူဖြူလွင်ပြင်ကြီး၊ တောင်ဘက်စွန်းစွန်း၏ စိမ်းစိုနေသော မြက်ခင်းပြင်ကြီး၊

အရှေ့ဘက်တွင် လှပသောနေဝင်ချိန်၊ အနောက်ဘက်တွင် ပူပြင်းလှသောလွင်ပြင်၊

ကျယ်ပြန့်လှသော တရုတ်နိုင်ငံ

၉.၆ သန်းစတုရန်းကီလိုမီတာ၊ တိုင်းတာ၍မရနိုင်သော အံ့ဩဖွယ်ရာများ၊

လှပသော တောတောင်ရေမြေများသည် နှစ်ပေါင်းများစွာတိုင်အောင် မကုန်ခမ်းနိုင်ပေ။




နေထိုင်မှုဘဝ၏ ထူးဆန်းအံ့ဩဖွယ်ရာများသည်

စိတ်ကူးအတွေးထက် သာလွန်နေသည်


    640.gif


တောင်နှင့်မြောက်ပိုင်းမှာ ကွဲပြားခြားနားမှုရှိသည်။ တိုင်းရင်းသားမျိုးနွယ်စု ၅၆မျိုး၏ ယုံကြည်ကိုးကွယ်မှုဓလေ့များသည်တရုတ်လူမျိုးတို့၏ မျိုးစုံလှသော နေထိုင်မှုဘဝတို့ကို ဖြစ်ပေါ်စေသည်။

ကျယ်ပြန့်လှသော ခြံဝန်းထဲတွင် ထွန်းလင်းနေသော အနီရောင်မီးပုံးများ၊

တံတားအောက်ရှိကန်ရေပြင်တွင် လှေငယ်ကလေးကို လှော်တက်လေးဖြင့် လှော်ကာရွေ့ရင်း

မီးခိုးများထူထပ်နေသော တောင်ကြားလေး၊ ညအခါ ပင်လယ်ပြင်ထက်က တံငါသည်တို့၏သီချင်းသံတို့သည်

လူ့ဘဝ၏ ချစ်စရာပုံရိပ်များနှင့် နေ့စဉ်ဘဝ၏ နွေးထွေးမှုတို့ပင်ဖြစ်သည်။




အနုပညာ၏ စိတ်လှုပ်ရှားဖွယ်ရာများသည်

စိတ်ကူးအတွေးထက် သာလွန်နေသည် 


  640.gif


အဆင့်မြှင့် အနုပညာကို ပြောရလျှင်

ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာသော လက်ရာသေသပ်လှနေသောလက်မှုအနုပညာပင်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရိုးရာလက်မှုအနုပညာသည်

ဖန်တီးမှုအစိတ်အပိုင်းများကို ထပ်မံပေါင်းစပ်ထား၍

ကမ္ဘာ၏ စင်မြင့်ပေါ်တွင် ပါဝင်နိုင်သည်။




လက်တွေ့ခံစားနိုင်သော အလှတရားများသည် 

စိတ်ကူးအတွေးထက် သာလွန်နေသည်


    640.gif


ယခုအခါတွင် တရုတ်နိုင်ငံသည် ကမ္ဘာ၏ စကားဝိုင်းတွင် ပါဝင်လာနေသည်။

နှစ်ပေါင်း၅၀၀၀ကျော် သမိုင်းရှိသော ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံဖြစ်ရုံသာမက

ကမ္ဘာ၏ ကုန်ထုတ်လုပ်မှုနိုင်ငံ၊ ကမ္ဘာ၏ တီထွင်ဖန်တီးနိုင်သောနိုင်ငံဖြစ်လေသည်။

ကွန်ယက်စနစ်၊ နည်းပညာစနစ်၊ အလိုအလျှာက်စနစ်တို့သည် တရုတ်နိုင်ငံ၏ သစ်လွင်သော အမှတ်တံဆိပ်ဖြစ်လာလေသည်။

ခရီးသွားကဏ္ဍအသစ်၊ ဝန်ဆောင်မှုအသစ်၊ အတွေ့အကြုံအသစ်တို့သည် ခရီးသွားဧည့်သည်များကို ပိုမိုအဆင်ပြေစေပြီး၊ ကောင်းမွန်စမတ်ကျစေသည်။

ရှေးခေတ်ကတည်းက  ယခုချိန်အထိ၊

"တရုတ်နိုင်ငံ၏ ထူးခြားသောလက္ခဏာများ"၏ 

တစ်ဆင့်တစ်ဆင့်တိုင်းသည်  စိတ်ကူးအတွေးထက် သာလွန်နေပေသည်။

China – Beyond Your Imagination


640.webp.jpg