တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒီဂျစ်တယ် စာကြည့်တိုက်ကို စတင် မိတ်ဆက်ပေးလိုက်ပါပြီ။အိမ်ထဲမှာပင် နေ၍ စာအုပ်ကဏ္ဍပေါင်းမျိုးစုံ ၁၈၀၀၀ မျိုးကို ဖတ်ရှုနိုင်ပါပြီ။
ယခုရက်ပိုင်းတွင် တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒီဂျစ်တယ် စာကြည့်တိုက် အွန်လိုင်း ဝန်ဆောင်မှုများကို စတင် မိတ်ဆက်ပေးနေပြီ ဖြစ်ပါသည်။ နောက်နောင်အချိန်များတွင် တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒီဂျစ်တယ် စာကြည့်တိုက် ပလက်ဖောင်း ဖြစ်သည့် (library.cccweb.org) ပေါ်တွင် များပြားကြွယ်ဝလှသော အွန်လိုင်းစာအုပ် အရင်းအမြစ် မျိုးစုံကို ဖတ်ရှုလေ့လာပြီး ထူးခြားပြောင်မြောက်လှသော တရုတ်ယဉ်ကျေးမှုများကို ခံစားသိရှိနိုင်ပြီ ဖြစ်ပါသည်။ ဤပလက်ဖောင်းသည် စာဖတ်သူများ အားလုံးအတွက် အခမဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အင်တာနက်၊ ဒီဂျစ်တယ် ပုံစံနည်းလမ်းများဖြင့် တစ်ကမ္ဘာလုံးရှိ စာဖတ်သူများအတွက် အကြောင်းအရာ စုံလင်သော ၊ အမျိုးအစား ကြွယ်ဝသော စာအုပ်များနှင့် Full-text database များ ပါဝင်ပြီး လုပ်ဆောင်မှု စာမျက်နှာများအတွက် တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာ ဟူ၍ ဘာသာစကား နှစ်မျိုးဖြင့် မိမိ အဆင်ပြေ နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါသည် ။
(၁) အခြေခံအချက်အလက်များ မိတ်ဆက်ပေးခြင်း
တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒီဂျစ်တယ် စာကြည့်တိုက်သည် အရင်းအမြစ်များ ရွေးချယ်ရာတွင် တရုတ် ဝိသေသလက္ခဏာ ထူးခြားချက်များ ပေါ်လွင်ပြီး မျက်မှောက်ခေတ်သစ်နှင့် ဂန္တဝင်များကို ပေါင်းစပ်ကာ နိုင်ငံရပ်ခြားရှိ တရုတ်ယဉ်ကျေးမှု စင်တာများ၏ အဓိကလုပ်ဆောင်ချက်နှင့် ဝန်ဆောင်မှုပေး ဦးတည် ဆောင်ရွက်နေရသူများ ပေါ်မူတည်၍ ထည့်သွင်း စီစဉ်ထားသည့် တရုတ်နိုင်ငံ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်သစ်လူနေမှုဘဝ အခြေအနေ အကြောင်းအရာများကို ထင်ဟပ်ဖော်ပြနေသည့် ဒီဂျစ်တယ် အချက်အလက် အရင်းအမြစ်များ ဖြစ်ပါသည်။ အကြောင်းအရာ စုံလင်ပြီး အမျိုးအစား ကြွယ်ဝကာ စာအုပ်များ၊ အပတ်စဉ်ဂျာနယ်များ၊ မာလ်တီမီဒီယာများ၊ Public class များ၊ ပြပွဲများ အစရှိသည့် ကဏ္ဍကြီး (၅)ခုနှင့် ကဏ္ဍခွဲ (၁၂)ခု ပါဝင်ကာ စုစုပေါင်း အမျိုးအစားပေါင်း ၁၈၀၀၀ ကျော် ရှိပါသည်။
( ၂ ) အကောင့်ဖွင့်ခြင်းနှင့် လော့ဂ်အင်ဝင်ခြင်း
ဤဝက်ဘ်ဆိုက်ကို ပထမဦးဆုံး အနေဖြင့် အသုံးပြုသူသည် အကောင့်သစ်တစ်ခု ဖွင့်ရန် လိုအပ်ပါသည်။ ရှေးဦးစွာ “မှတ်ပုံတင်သည့် နေရာဒေသ”တွင် “ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ (ရန်ကုန်)”ကို ရွေးချယ်ပါ။ ထို့နောက် အကောင့်သစ် ဖွင့်မည့် အီးမေးလ်ကို ရိုက်ထည့်ပြီး စကားဝှက်တစ်ခု သတ်မှတ်ရေးထည့်ပါ။ အသင်းဝင်ဖြစ် အတည်ပြု အီးမေးလ်ကို လက်ခံရရှိပါက အီးမေးလ်ထဲ ဝင်၍ အတည်ပြုပြီးလျှင် ဤဝက်ဘ်ဆိုက်ထဲရှိ အချက်အလက် အရင်းအမြစ်များ အားလုံးကို ပုံမှန်အတိုင်း အသုံးပြု လေ့လာနိုင်ပြီ ဖြစ်ပါသည်။
(၃) ထူးခြားအရင်းအမြစ်များအား မိတ်ဆက်အကြံပြုပေးခြင်း
ဒီဂျစ်တယ် စာကြည့်တိုက်၏ ကဏ္ဍကြီး (၅)ခုတွင် ထူးခြားချက် ကိုယ်စီ ရှိကြပါသည်။ ၎င်းအနက်မှ အပတ်စဉ်ဂျာနယ်နှင့် Public class ကဏ္ဍကြီး နှစ်မျိုးကို အဓိကထား မိတ်ဆက်ပေးလိုပါသည်။
အပတ်စဉ်ဂျာနယ်တွင် ဘဏ္ဍာစာရင်း ထိန်းသိမ်းခြင်း၊ သိပ္ပံနည်းပညာ ဗဟုသုတအထွေထွေ၊ ယဉ်ကျေးမှုအနုပညာ၊ ကျန်းမာစွာ နေထိုင်မှုဘဝ၊ နောက်ဆုံးရ နိုင်ငံရေး သတင်းအခြေအနေ၊ စာပေဆောင်းပါးနှင့် စာပေအနှစ်ချုပ်များ စသည့် အပိုင်းကဏ္ဍ (၆)ခု၏ နောက်ဆုံးထွက် ဒီဂျစ်တယ် ဂျာနယ်အရင်းအမြစ်များကို မူလဗားရှင်း၊ လူကိုယ်တိုင် အသံသွင်းထားခြင်း၊ စမတ်နည်းပညာသုံး အသံသွင်းထားခြင်းများ စသဖြင့် ဖတ်ရှုမှု (အသံနားထောင်ခြင်း၊ ရွတ်ဖတ်ခြင်း) ပုံစံအမျိုးမျိုးကို ရွေးချယ် ဖတ်ရှုနိုင်ပါသည်။ ထိုရွေးချယ်မှုများစွာ အနက်မှ သင်အနှစ်ခြိုက်ဆုံး၊ အဆင်ပြေဆုံး ပုံစံတစ်မျိုးမျိုး ရှိလိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။
Public class ကဏ္ဍတွင် တရုတ်ဘာသာစကား သင်တန်းများသာမက အင်္ဂလိပ်၊ အာရဗီ၊ ပြင်သစ်၊ စပိန် အစရှိသည့် ဘာသာစကားများကိုလည်း ရွေးချယ်နိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို ဥပမာထား ရှာဖွေကြည့်မည် ဆိုလျှင် စာမျက်နှာ (၇)မျက်နှာနှင့် စာပေ၊ သမိုင်းကြောင်း၊ ဝတ်စားဆင်ယင်မှု၊ ဘာသာရေးနှင့် အခြား ယဉ်ကျေးမှု အမျိုးအစားများ ပါဝင်သည့် အကြောင်းအရာ (၇၆)ချက်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒီဂျစ်တယ်စာကြည့်တိုက်သို့ ဝင်ရောက်ဖတ်ရှု လေ့လာအသုံးပြုရန် လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။ အောက်တွင် ဖော်ပြထားသော QR ကုဒ်ကို စကင်ဖတ် (Scan)၍ ဝင်ရောက် ဖတ်ရှုကြပါစို့လားရှင်။
တရုတ်ယဉ်ကျေးမှုစင်တာ ဒီဂျစ်တယ်စာကြည့်တိုက်
