ပွဲချိန်ကြိုတင်ကြေညာချက်။ ။ “ရိုးရာသံစဉ် ဥဒါန်းတွင်” - တရုတ်ရိုးရာ ကျေးလက်သံစဉ် အွန်လိုင်းဂီတဖျော်ဖြေပွဲ Chinese Traditional Music Concert Online Live Show
ဇွန်လ ၂၁ ရက် (တနင်္ဂနွေနေ့) ပေကျင်းစံတော်ချိန် ည ၉:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၇:၃၀ နာရီ) အချိန်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ရိုးရာသံစဉ် ဥဒါန်းတွင်” တရုတ်ရိုးရာ ကျေးလက်သံစဉ် အွန်လိုင်း ဂီတဖျော်ဖြေပွဲကြီးကို ဆင့်ကမ်းလွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကြီးတွင် တရုတ်ရိုးရာယဉ်ကျေးမှုကို အဓိကထား၍ ပရိသတ်များအတွက် တရုတ်ရိုးရာ ဂန္တဝင်တေးသွားသံစဉ်များကို ရွေးချယ်တင်ဆက်ထားပါသည်။ ကျန့်ကျန်းပြည်နယ် အရှေ့ပိုင်း ရိုးရာဗုံတီးဝိုင်းအဖွဲ့၏ “နဂါးပျံလွှား၊ ကျားမာန်အား” အပါအဝင် ညီအစ်မနှစ်ဦး ပျော်ရွှင်မြူးစွာ ပွဲကြည့်သွားပုံကို ဖော်ကျူးထားသည့် ဆန်းရှီးရိုးရာတေးသွား “ရှုစားနားဆင် ကျေးလက်ကောက်စိုက် ဂီတသံစဉ်”၊ တရုတ်ကိုးရီးယား ချောင်းရှန်တိုင်းရင်းသား ရိုးရာတေးသွားသံစဉ် “ဒါလျောင်းတေးသွား”၊ တာဂျစ်တိုင်းရင်းသား တေးသွား “ဆီးနှင်းဖုံးလွှမ်း ပန်းနီနီ”၊ ရှေးရိုးရာစောင်းတူရိယာ (Gu Qin)အနုပညာ နာမည်ကျော်တေးသွား “နတ်လူရွှင်မြူး”၊ ပေကျင်းအော်ပရာတေးသွား “သန်းခေါင်ယံညအမှောင်” အစရှိသော တေးဂီတသံစဉ်များဖြင့် တရုတ်နိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးနှင့် နေရာဒေသများ၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာလက်ရာ တမူထူးခြားမှုများကို ပရိသတ်များအား ထိတွေ့ခံစားနိုင်စေမည် ဖြစ်ပါသည်။ ဂီတသံစဉ်ဖြင့် ပရိသတ်များထံ အနုပညာဖျော်ဖြေမှု ရသကို ပေးစွမ်းသည့် တစ်ချိန်တည်းမှာပင် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ယုံကြည်မှုနှင့် ခွန်အားများ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
အောက်ပါ QR Code ကို Scan ဖတ်၍ Live Showကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Bilibili
