“တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပြည်ပဝက်(ဘ်)ဆိုက်” ဗားရှင်းအသစ် လွှတ်တင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:20:08

ယခုရက်ပိုင်းတွင် “တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပြည်ပဝက်(ဘ်)ဆိုက်” (www.travelchina.org.cn အတိုကောက်အခေါ် “ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဝက်(ဘ်)ဆိုက်”) ဗားရှင်းအသစ်အား နည်းပညာပိုင်းပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် မျက်နှာသွင်ပြင်အသစ်ဖြင့် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များနှင့် အများပြည်သူများထံသို့ တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ 


图片

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဝက်(ဘ်)ဆိုက် ဗားရှင်းအသစ်တွင် “ခရီးသွားခေါင်းစဉ်”၊ “တရုတ်နိုင်ငံအပေါ် သိရှိနားလည်ခြင်း”၊ “လေ့လာလည်ပတ်စရာနေရာအကျဉ်းချုပ်”၊ “ဆိုက်ရောက်သည့်အခါ သတိပြုရန်အချက်များ”၊ “နောက်ဆုံးရသတင်း”စသည့် ကဏ္ဍခေါင်းစဉ်ကြီး ၅ ခုကို တင်ဆက်ပေးထားပါသည်။ အကြောင်းအရာများမှာ “ရေပန်းစားခရီးသွားဒေသ”၊ “တရုတ်အစားအစာ”၊ “တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်”၊ “ဗီဇာလျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်”၊ “နောက်ဆုံးရသတင်း”စသည့် ကဏ္ဍပေါင်း ၁၀ ခု လွှမ်းခြုံထားပါသည်။ တရုတ်ဘာသာ(ခေတ်သစ်)၊ တရုတ်ဘာသာ(ရိုးရာ)၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာစသည့် ဘာသာစကား ၇ မျိုးဖြင့် ပြည်တွင်းပြည်ပရှိ အများပြည်သူများထံသို့ ခိုင်လုံသော၊ ပြည့်စုံကြွယ်ဝသော၊ တိကျမှန်ကန်သော၊ အချိန်နှင့်တစ်ပြေးညီဖြစ်သော ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဆိုင်ရာ အချက်အလက်များကို ပံ့ပိုးတင်ဆက်ပေးလျက်ရှိပါသည်။  


图片

အဆိုပါ ဝက်(ဘ်)ဆိုက်သည် တရုတ်နိုင်ငံပြည်နယ်အသီးသီး(ဒေသများ၊ မြို့များ) ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာမိတ်ဖက်များအတွက် သတင်းအချက်အလက်များ မျှဝေဖလှယ်သည့် စင်္ကြံတစ်ခု ဖြစ်ပါသည်။ တရုတ်ခရီးသွားလုပ်ငန်း အပြည်ပြည်ဆိုင်ရာမြှင့်တင်ရေးနှင့် ဆိုက်ရောက်ခရီးသွားဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်တစ်ခုကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။