စတုရန်းကွက်‌လေးများအကြား - တရုတ်အက္ခရာစာလုံး(Hanzi) ယဉ်ကျေးမှု ဖန်တီးခြင်းနှင့် ခရီးသွားပြပွဲ (အပိုင်း-၃)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-14 15:28:10


WeChat Image_20210901172801.jpg


“အက္ခရာစာလုံး”ဟူသည် အသိပညာ ယဉ်ကျေးမှုတို့၏ ပေါင်းစပ်ချက်ပင်ဖြစ်ပြီး သမိုင်းကြောင်း လက်ဆင့်ကမ်းခြင်းအတွက် အရေးပါသောအရာလည်း ဖြစ်ပေသည်။ “တရုတ်အက္ခရာစကားလုံး (Hanzi)”သည် လူသားမျိုးနွယ်များ၏ လူမှုယဉ်ကျေးမှုသမိုင်းကြောင်းတွင် သူမတူသော ထူးခြားသည့် နေရာတစ်ခုရှိပြီး ကမ္ဘာ့ရှေးဦးလူမှုယဉ်ကျေးမှုကြီး သုံးခုအနက်မှ ယနေ့ထက်ထိတိုင်အောင်ပင် ဆက်လက်အသုံးပြုနေသည့် “အသက်ဝင်နေသည့် အက္ခရာစာလုံး”ပင် ဖြစ်သည်။


တရုတ်ယဉ်ကျေးမှုအသင်း (Chinese Culture Friendship Association)၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ ဆောင့်ရှင်း(Shaoxing) ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစု၊ လန်ထင်(Lanting) တရုတ်မင်စုတ်ချက်လက်ရေးလှပြတိုက် အစရှိသည်တို့မှ ပူးပေါင်းစီစဉ်ထားသည့် “စတုရန်းကွက်‌လေးများအကြား - တရုတ်အက္ခရာစာလုံး(Hanzi) ယဉ်ကျေးမှုဖန်တီးခြင်းနှင့် ခရီးသွားပြပွဲ”တွင် တရုတ်အက္ခရာစာလုံး (Hanzi)များ၏ မူလအစဖြစ်ပေါ်လာပုံ၊ စာလုံးသဏ္ဌာန်ဖွဲ့စည်းပုံ၊ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် တရုတ်မင်စုတ်ချက်ရေးခြင်းနှင့် သစ်သားစာလုံးထွင်းပုံနှိပ်ခြင်း အကြောင်းအရာများကို အစီအစဉ်တကျ ပြင်ဆင်ပြီး ရှေးတရုတ်ယဉ်ကျေးမှု ဂန္တဝင်မြောက်လက်ရာများထဲမှ အထင်ကရပုဂ္ဂိုလ်တို့၏ ကဗျာစာသားများကို ဖွင့်ဆိုရှင်းလင်းထား၍ ပရိသတ်တို့အတွက် ကဗျာဆရာများ၏ စကားလုံးအသုံးအနှုန်း အလှအပလေးများမှတစ်ဆင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လေ့လာရေးခရီးစဉ်ထံ ခေါ်ဆောင်သွားကာ တရုတ်အက္ခရာစာလုံး (Hanzi)၏ အတွင်းအနှစ်သာရရှိ ယဉ်ကျေးမှုဆွဲဆောင်မှုကို ခံစားရစေမည် ဖြစ်ပါသည်။