တရုတ်ရိုးရာပွဲတော်အက - “လနတ်သမီး ချန်အော်”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-02 13:00:56
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“လနတ်သမီး ချန်အော်”
“ပျံတက်စံမြန်း လဗိမာန်နန်း၊ ဂလက်ဆီဖြာဝေ ဤကမ္ဘာမြေ” ဆိုသကဲ့သို့ပင် လနတ်သမီး ချန်အော် (Chang'e) က တောင်စဉ်တောင်တန်းမြစ်ချောင်းများအထက် ဖြတ်ကျော်၍ လင်းလက်တောက်ပနေသော ဂလက်ဆီရောင်စဉ်အလင်းတန်းများအကြား တိုးဝှေ့ကာ နွေးထွေးကြည်နူးဖွယ် လကမ္ဘာထဲ ပျံသန်းဝင်ရောက်သွားခဲ့လေသည်။ ဟိုးအဝေးထိုဌာနေ၌ ပင်လုံးကြိုင်ပန်းပင်၊ ကျောက်စိမ်းယုန်တို့နှင့်အတူ အဖော်ပြုရင်း မေတ္တာရေစင်များ ကြဲလွင့်ကာ ဤကမ္ဘာမြေအတွက် ဆုမွန်ကောင်းများ ပို့သပေးနေပါသည်။