၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” - “နဂါးအကဖြင့် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်အား ဂုဏ်ပြုခြင်း” ဓာတ်ပုံပြပွဲ
တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကာလအတွင်းတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး စည်ကားလှသည့် နဂါးအကကခြင်း ရိုးရာဓလေ့သည် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်နှင့် အလိုက်ဖက်ဆုံးသော လှုပ်ရှားမှုအစီအစဉ်များအနက်မှ တစ်ခုဖြစ်သည်။
နဂါးအကကခြင်းကို နဂါးအလှမီးကခြင်းဟု အများအားဖြင့် ခေါ်ဝေါ်ကြသည်။ နဂါးကသောအခါတွင် ပန်းဘောလုံးနှင့် လိုက်၍ ကန့်လန့်ဖြတ်ခြင်း၊ ရစ်လိမ်ခြင်း၊ ဝှေ့ယမ်းခြင်း၊ လှုပ်ခါခြင်း စသဖြင့် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ကြပြီး ဖျတ်လတ်သော လှုပ်ရှားမှုများသည် တောက်ပသော အရောင်များနှင့် တွဲဖက်ထားသဖြင့် ပွဲတော်အငွေ့အသက် ပေါ်လွင်အောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပေသည်။
ကမ္ဘာတစ်ဝှမ်းရှိ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုအစီအစဉ်များအနက် နဂါးအကကခြင်းသည် အရေးပါသော ဖျော်ဖြေရေးအစီအစဉ်တစ်ခု ဖြစ်သည်။ ရွှေနဂါး၊ မီးနဂါး၊ နဂါးအလှမီး၊ နဂါးလှေများ စသည့် ပုံစံအမျိုးမျိုးတို့ဖြင့် ဒေသခံပြည်သူများအတွက် အပြုံးအပျော်များကို သယ်ဆောင်ပေးပါသည်။