ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား “မင်ပန်းချီထဲက ဆောင်းဦးလယ်” - အနုပညာခံစားတင်ဆက်မှုဆိုင်ရာ သင်တန်းတို (အပိုင်း-၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-01 12:04:23


WeChat Image_20211001155808.jpg




တရုတ်နိုင်ငံ၏ မင်စုတ်ချက်ပန်းချီသည် တရုတ်ရိုးရာ ပန်းချီရေးဆွဲသည့် ပုံစံဖြစ်ပြီး တစ်မူထူးခြားလှပေသည်။ ၎င်း၏ အကြောင်းအရာနှင့် အနုပညာ တီထွင်ဖန်တီးမှုတွင် တရုတ်ရှေးလူများ၏ သဘာဝတရား၊ လူမှုအဖွဲ့အစည်းနှင့် ယင်းတို့နှင့် ဆက်နွှယ်နေသော နိုင်ငံရေး၊ ဒဿနအတွေးအခေါ်၊ ဘာသာရေး၊ ကျင့်ဝတ်တရား၊ စာပေအနုပညာ အစရှိသည်တို့၏ ပညာဗဟုသုတများကို ထင်ဟပ်ဖော်ပြနေပါသည်။ ဤအစီအစဉ်တွင် ဆောင်ဦးလယ်လမုန့်ပွဲတော် ယဉ်ကျေးမှု အကြောင်းအရာများ ပါဝင်သည့် တရုတ်ရိုးရာ မင်စုတ်ချက်ပန်းချီလက်ရာများကို တင်ဆက်ပြသထားပြီး ကာတွန်းရုပ်ပုံ ပုံစံမျိုးဖြင့် ဇာတ်ကောင်များအကြား ပတ်သက်မှုကို ဖြည့်စွက်ပြီး အ‌ရောင်အသွေးကို ပြန်လည်ပုံဖော်ကာ ကြည့်ရှုသူပရိသတ်များ၏ အတွေးကမ္ဘာကို ကျယ်ပြန့်စေပြီး ဇာတ်လမ်းပြကွက် ပြင်ပရှိ အနှစ်သာရများကိုပါ ခံစားရရှိစေမည်ဖြစ်သည်။ “ဝင်ရောက်၊ ခံစား၊ သိရှိ၊ လေ့လာသင်ယူ”ဟူသော အဆင့်လေးဆင့်ကို ကျော်ဖြတ်ပြီး ပရိသတ်များအား တရုတ်ရိုးရာ မင်စုတ်ချက်ပန်းချီ ယဉ်ကျေးမှုနှင့် ဆောင်းဦးလယ်လမုန့်ပွဲတော် ယဉ်ကျေးမှုတို့ကို ပိုမိုအသေးစိတ် ခံစားသိမြင်လာစေနိုင်မည် ဖြစ်ပါသည်။


6de1b3bfa3e178dc0078769b0ebef9ab.jpg