ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား ကျွန်ုပ်၏ အိမ်ဝန်းမြေ - တေးဂီတဓာတ်ပုံအယ်လ်ဘမ် အနုပညာလက်ရာဖလှယ်ပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-25 16:42:17


WeChat Image_20210924170139.jpg




ဆောင်းဦးလယ်လမုန့်ပွဲတော်တွင် ဝိုင်းဝိုင်းစက်စက် လဝန်းကြီးဖြင့် ပြန်လည်ဆုံစည်းမှု၊ မွေးရပ်ဌာနေ ဇာတိမြေအပေါ် လွမ်းဆွတ်တမ်းတသော ခံစားမှု၊ သီးနှံအထွက်တိုး ပျော်ရွှင်ချမ်းမြေ့လိုသော စိတ်ဆန္ဒမွန်များကို အဓိပ္ပာယ်ဖော်ဆောင်နေပါသည်။ ဤလှုပ်ရှားမှုပွဲတွင် “အတူတကွ ကြည့်ရှုခံစား၊ မေတ္တာကရုဏာ အကြင်နာထား၊ မျှဝေခံစား” ဟူသော ယဉ်ကျေးမှုအနှစ်သာရများကို ပေါ်လွင်စေပြီး “ကျွန်ုပ်၏ အိမ်ဝန်းမြေ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုအတိုလက်ရာများကို စုဆောင်းခဲ့ကာ နေ့စဉ်ဘဝနေထိုင်မှု၊ ပွဲတော်အခမ်းအနား၊ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။ ခေါင်းစဉ်ငယ်များအလိုက်နှင့် ဆောင်းဦးလယ်လမုန့်ပွဲတော် အကြောင်းအရာ တေးဂီတများကို စီစဉ်ထားခြင်းမှတစ်ဆင့် “ဓာတ်ပုံအယ်လ်ဘမ်၊ တေးဂီတတွဲစပ်ပုံဖော်” တင်ဆက်မှုအမျိုးအစားပုံစံကို သုံး၍ အခြားသူများအား ပြန်လည်မျှဝေပေးနိုင်သော အွန်လိုင်း တေးဂီတဓာတ်ပုံအယ်လ်ဘမ်မျိုးကို ဖန်တီးထားကာ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ပြည်သူပြည်သားများအား ဆုံစည်းသာယာ ပျော်ရွှင်ချမ်းမြေ့စေလိုသော ဆုမွန်ကောင်းများကို အတူတကွ တောင်းဆုပြုထားပါသည်။