ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား တူစုံဆင်နွှဲ အွန်လိုင်းဂီတပွဲ - နာမည်ကျော်အနုပညာရှင်နှင့် သံစဉ်တေးသွား အနုပညာဖြင့် ဆောင်းဦးလယ်လမုန့်ပွဲတော်ကို ဖျော်ဖြေတင်ဆက်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-19 13:21:31


WeChat Image_20210917182602.jpg



ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်နိုင်ငံ၏ အရေးပါသည့် ရိုးရာပွဲတော်များအနက်မှ တစ်ခုဖြစ်သည်။ ဤအစီအစဉ်တွင် အဝေးအွန်လိုင်းပေါ်မှ အပြန်အလှန် ပါဝင်ဆင်နွှဲသည့်ပုံစံ စသည့် နည်းလမ်းများဖြင့် တရုတ်အနုပညာရှင်များနှင့် တက်သစ်စ လူငယ် သီဆိုတီးမှုတ်တင်ဆက်သူများက အများနှင့် ရင်းနှီးပြီးသားဖြစ်သည့် တရုတ်နှင့် နိုင်ငံခြား ဂန္ထဝင်တေးဂီတများကို အတူတကွ သရုပ်ဖော်တင်ဆက်ထားပြီး “တူစုံဆင်နွှဲ အွန်လိုင်းဂီတပွဲ” ဆောင်းဦးလယ် အကြောင်းအရာ သရုပ်ဖော် တေးဂီတရုပ်သံကို ဖန်တီးစီစဉ်ကာ တေးဂီတဖြင့် “မိသားစုသင့်မြတ်မှု၊ လူ့အဖွဲ့အစည်းသင့်မြတ်မှု”များနှင့် ပြည့်စုံလိုသော သာယာကောင်းမွန်သည့် မျှော်လင့်တောင့်တမှုတို့ကို ဆောင်ကျဉ်းပေးသွားမည် ဖြစ်ပါသည်။