စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ထန်ခေတ်မိန်းမပျိုရုပ်တု”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-07 12:18:58


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၄) - “ထန်ခေတ်မိန်းမပျိုရုပ်တု” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210806191106.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၄) -ထန်ခေတ်မိန်းမပျိုရုပ်တု



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


မြေထည်ရုပ်တုများသည် တရုတ်ရှေးခေတ် ပန်းပုအနုပညာထဲတွင် အရေးပါသော နေရာတစ်နေရာမှ ပါဝင်လျက်ရှိပြီး ရှေးခေတ်ယဇ်ပူဇော်ရာတွင် အသုံးပြုသည့် ပန်းပုအနုပညာပစ္စည်းများအနက်မှ တစ်မျိုးဖြစ်သည်။ ထန်ခေတ်မိန်းမပျိုရုပ်တု၏ ပုံပန်းသဏ္ဌာန်မှာ သက်ဝင်မှုအပြည့်ဖြင့် ပုံသွင်းထုလုပ်မှုလက်ရာမှာ ကျွမ်းကျင်မှုရှိပြီး ကောက်ကြောင်းများက ပြေပြစ်ချောမွေ့ကာ ဝတ်စားဆင်ယင်မှု အလှတန်ဆာမှာ အလွန်သားနားလှပပေသည်။ လူရုပ်ပုံသဏ္ဌာန်များ၏ အသက်ဝင်မှုကို အလေးပေးပုံဖော်လေ့ရှိပြီး တစ်မူထူးခြားသော  ပုံပန်းသွင်ပြင်နှင့် ထိုလက်ရာတို့မှာ အသွင်လည်းလှပြီး အသက်ဝင်မှုများနှင့်လည်း ပြည့်စုံနေပေသည်။