တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် တရုတ်အရသာ - ရှင်းကျန်းစားကောင်းသောက်ဖွယ်ခရီးစဉ်ကဏ္ဍတွဲ ရုပ်သံမှတ်တမ်း (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-24 15:08:19


WeChat Image_20210623153600.jpg


ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။


“တရုတ်အရသာ - ရှင်းကျန်းစားကောင်းသောက်ဖွယ်ခရီးစဉ်” ကဏ္ဍတွဲ ရုပ်သံမှတ်တမ်းတွင် စားကောင်းသောက်ဖွယ်များကို အကြောင်းခံ၍ ရှင်းကျန်း(Xinjiang)၏ မတူညီသော နယ်ပယ်ဒေသနှင့် မြို့များ၏ တမူထူးခြားသည့် ဓလေ့စရိုက်များနှင့် သဘာဝရှုမြင်ကွင်းများကို ဖော်ပြတင်ဆက်ကာ စစ်မှန်သော လူမှုသွင်ပြင်လက္ခဏာနှင့် ဘဝအလှရသတို့ကို ပေးပို့ဝေမျှသွားမည် ဖြစ်ပါသည်။



ရီးလီ(ရှင်းကျန်းရိုးရာ) လက်နယ်ထမင်း


ရီးလီ(Ili)၏ မြင်သူတကာ သွားရည်ကျစေသည့် စားကောင်းသောက်ဖွယ်များထဲတွင် “လက်နယ်ထမင်း” သည် ရီးလီ(Ili)သို့ ရောက်ဖူးသူတိုင်း၏ ရင်ထဲတွင် နေရာတစ်ခု စွဲထင်ကျန်ရစ်ခဲ့ပေလိမ့်မည်။ ၎င်းဟင်းလျာ၏ အမျိုးစုံလင်လှသော ပါဝင်ပစ္စည်းများသည် အထူးကောင်းမွန်လှသည့် အနောက်ဘက်ပိုင်းဒေသအရသာကို ထိန်းသိမ်းပေးထား၍ ရီးလီဒေသခံများအဖို့ လူနေမှုဘ၀ အငွေ့အသက်တစ်မျိုးအဖြစ် ပြောင်းလဲဖြစ်တည်လာခဲ့ပါသည်။


da805f71887c76c9b648120af0cacd88.jpg

98a7fe7b75cf6c185547520912c0c8c8.jpg



ဝူးလူမုချီဟင်းပွဲကြီးကြက်သားချက်


ရှင်းကျန်းသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ စုဝေးနေထိုင်သော ဒေသဖြစ်၍ တိုင်းရင်းသားလူမျိုးအသီးသီး၊ ဒေသအသီးသီးတို့၏ အစားအသောက်အလေ့အထများ ရောယှက်လျက်ရှိပါသည်။ ဝူးလူမုချီ(Urumqi)ရှိ စားသောက်ဆိုင်တိုင်း၌   ဟင်းပွဲကြီးကြက်သားချက်ဟင်းလျာ ရရှိနိုင်ပြီး ၎င်းဟင်းလျာသည် နေရာအရပ်ရပ်မှ ပါဝင်ပစ္စည်းမျိုးစုံတို့ကို ပေါင်းစပ်ရောနှောထားသဖြင့် ခံတွင်းအကြိုက် မတူညီသောသူများ၏ ကြိုက်နှစ်သက်ခြင်းကို ရရှိထားပါသည်။