တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် ကျန်းမာသန်စွမ်း တရုတ်ပြည်တစ်ဝှမ်း - ထိုက်ကျီသိုင်းပညာ သင်ကြားပို့ချမှု (အပိုင်း ၁)
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ထိုက်ကျီသိုင်းပညာ
လက်ဆင့်ကမ်းဆက်ခံခြင်း
ကမ္ဘာတစ်လွှား ပျံ့လွင့်သွား ထိုက်ကျီသိုင်း ဂုဏ်သတင်းများ၊ ဖျတ်လတ်ကျန်းမာ လည်ပတ်စရာ တရုတ်နိုင်ငံတစ်ခွင်မှာ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုက်ကျီသိုင်းပညာရပ်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို UNESCO)၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။
ထိုက်ကျီသိုင်း ပထမအမျိုးအစားပုံစံ -
မျက်နှာချင်းဆိုင် သိုင်းလက်ကွက်
ကျန်းမာသန်စွမ်း တရုတ်ပြည်တစ်ဝှမ်း - ထိုက်ကျီသိုင်းပညာ သင်ကြားပို့ချမှု အပိုင်းတွဲ ဗီဒီယိုသည် “လက်ဆင့်ကမ်းဆက်ခံခြင်း အကြောင်းအရာပုံပြင်”ဖြင့် ထိုက်ကျီသိုင်းပညာရပ်၏ ဖွံ့ဖြိုးတိုးတက်ပျံ့နှံ့လာမှုများကို ဖော်ပြထားပါသည်။ ကျွမ်းကျင်ပညာရှင်တို့က ယခုခေတ်လူများ၏ မြန်ဆန်သွက်လက်နေသော ဘဝနေထိုင်မှုပုံစံများအရ အဆင့်မြင့်ဖန်တီးထားသော ကိုယ်လက်ကျန်းမာရေး အခြေခံသိုင်းကွက်(၃)မျိုး သင်ကြားမှုပုံစံဖြင့် နိုင်ငံရပ်ခြားမှ ပရိသတ်တို့အတွက် ထိုက်ကျီသိုင်းပညာရပ် ကိုယ်လက်လေ့ကျင့်ခန်း သင်ကြားမှုကို လမ်းပြဖော်ဆောင်ကာ ထိုက်ကျီသိုင်းကမ္ဘာထဲသို့ လျှောက်လှမ်းဝင်ရောက်စေမည် ဖြစ်ပါသည်။