"ယန်စီမြစ်" အမျိုးသားအဆင့် ခရီးစဉ် (၉) - ယန်စီမြစ် အံ့မခန်းမြေမျက်နှာသွင်ပြင်များခရီးစဉ်
ခရီးစဉ်လမ်းကြောင်း ။ ။ စီချွမ်ပြည်နယ် (Xingwen ကမ္ဘာ့ဘူမိဥယျာဉ်၊ Guangwu Mountain - Nuoshui River ကမ္ဘာ့ဘူမိဥယျာဉ်၊ Zigong မြို့ ကမ္ဘာ့ဘူမိဥယျာဉ် ……) — ယူနန်ပြည်နယ် (Dali ဒေသ Cangshan ကမ္ဘာ့ဘူမိဥယျာဉ်၊ Shilin (Stone Forest) ကမ္ဘာ့ဘူမိဥယျာဉ် ……) — ကွေ့ကျိုးပြည်နယ် (Zhijin လိုဏ်ဂူ ကမ္ဘာ့ဘူမိဥယျာဉ် ……) — ဟူပေပြည်နယ် (Huanggang မြို့ Dabie Mountain ကမ္ဘာ့ဘူမိဥယျာဉ်၊ Shennongjia ကမ္ဘာ့ဘူမိဥယျာဉ် ……) — ဟူနန်ပြည်နယ် (Xiangxi ကမ္ဘာ့ဘူမိဥယျာဉ်၊ Zhangjiajie ကမ္ဘာ့ဘူမိဥယျာဉ် ……) — ကျန်းရှီးပြည်နယ် (Sanqing Mountain ကမ္ဘာ့ဘူမိဥယျာဉ်၊ Longhu Mountain ကမ္ဘာ့ဘူမိဥယျာဉ်၊ Lu Mountain ကမ္ဘာ့ဘူမိဥယျာဉ် ……) — အန်းဟွေးပြည်နယ် (Huang Mountain ကမ္ဘာ့ဘူမိဥယျာဉ်၊ Tianzhu Mountain ကမ္ဘာ့ဘူမိဥယျာဉ်၊ Jinhua Mountain ကမ္ဘာ့ဘူမိဥယျာဉ် ……) — ကျဲ့ကျန်းပြည်နယ် (Yandang Mountain ကမ္ဘာ့ဘူမိဥယျာဉ် ……)
ခရီးစဉ်မိတ်ဆက်အကျဉ်း ။ ။ ယန်စီမြစ်သည် “ကမ္ဘာ့ခေါင်မိုး” ဟု တင်စားခေါ်ဝေါ်သော ချင်းဟိုင်-တိဘက် ကုန်းပြင်မြင့်၏ Tanggula တောင်တန်းမှ စတင်စီးဆင်းပြီး ယူနန်-ကွေ့ကျိုး ကုန်းပြင်မြင့်၊ စီချွမ်ချိုင့်ဝှမ်း၊ ယန်စီမြစ် အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ မြေပြန့်လွင်ပြင် အစရှိသည့် မြေမျက်နှာသွင်ပြင်ကြီးလေးမျိုးကို အနောက်မှ အရှေ့သို့ ဖြတ်ကျော်စီးဆင်းသည်။ တရုတ်နိုင်ငံ၏ မြေမျက်နှာသွင်ပြင် ပုံစံကြီးသုံးမျိုးကို အဆင့်ဆင့်ဖြတ်သန်းရပြီး မြစ်လမ်းကြောင်းတစ်လျှောက်တွင် တောင်တန်းမြင့်များ၊ လျှိုမြောင်များ၊ ရေကန်များ၊ မြေပြန့်လွင်ပြင်များ စသဖြင့် ထူးခြားဆန်းကြယ်ဖွယ် ရှုမြင်ကွင်းမျိုးစုံနှင့် မြေအနိမ့်အမြင့် သိသာစွာ ကွဲပြားခြားနားမှုများ၊ မြေမျက်နှာသွင်ပြင်အနေအထား အမျိုးမျိုးကွဲပြားမှုများ ရှိနေပါသည်။ ဤခရီးစဉ်လမ်းကြောင်းသည် Mount Cangshan၊ Shengnongjia ဒေသ၊ Zhangjiajie ဒေသ၊ Tianzhu Mountain နှင့် Yandang Mountain အစရှိသည့်နေရာများရှိ ကမ္ဘာ့ဘူမိဥယျာဉ်များကို ချိတ်ဆက်ပေးထားပြီး ခရီးသွားဧည့်သည်များအနေဖြင့် ယန်စီမြစ်လမ်းကြောင်းတစ်လျှောက်ရှိ ရှေးဟောင်းမြေမျက်နှာသွင်ပြင် အမွေအနှစ်နေရာများနှင့် ပထဝီဝင်အံ့ဖွယ်များကို လေ့လာခံစားကာ နှစ်ပေါင်းများစွာကြာ ကာလတစ်လျှောက် ကမ္ဘာကြီး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် သက်ရှိများ ဆင့်ကဲတိုးတက်ပြောင်းလဲမှု၏ ထူးခြားဆန်းကြယ်မှုများကို စူးစမ်းသိရှိနိုင်မည်ဖြစ်သည်။