"ယန်စီမြစ်" အမျိုးသားအဆင့် ခရီးစဉ် (၅) - ယန်စီမြစ် သဘာဝဂေဟစနစ်ခရီးစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-06-23 13:39:36



ခရီးစဉ်လမ်းကြောင်း ။ ။ စီချွမ်ပြည်နယ် (Qionghai အပန်းဖြေစခန်း၊ Guangwu Mountain ခရီးသွားဇုန်၊ Ganzi ဒေသရှိ Hailuogou ရှုခင်းနေရာ) — ယူနန်ပြည်နယ် (Yuxi မြို့ Fuxian Lake အပန်းဖြေစခန်း၊ Wenshan မြို့ Qiubei Puzhehei ရှုခင်းနေရာ၊ Shangri-La မြို့ Pudacuo ရှုခင်းနေရာ ……) — ကွေ့ကျိုးပြည်နယ် (Baijie မြို့ Baili Azalea ရှုခင်းနေရာ၊ Chishui မြစ်ဝှမ်း အပန်းဖြေစခန်း၊ Wujiangyuan Baili Hualang ခရီးသွားဇုန် ……) — ချုံချင့်မြို့ (လျှိုမြောင်ငယ်သုံးသွယ် - လျှိုမြောင်သေးသေးငယ်သုံးသွယ် ဂေဟစနစ် ခရီးသွားဇုန်၊ Black Valley ရှုခင်းနေရာ၊ Ayi River ရှုခင်းနေရာ၊ Youyang Taohuayuan လောကနတ်ဘုံဗိမာန် ရှုခင်းနေရာ ……) — ဟူပေပြည်နယ် (လျှိုမြောင်သုံးသွယ် ဒေသယဉ်ကျေးမှုများ ရှုခင်းနေရာ၊ Changyang ကောင်တီ Qingjiang မြစ်ဝှမ်း ရှုခင်းနေရာ၊ Enshi မြို့ Grand Canyon ရှုခင်းနေရာ ……) — ဟူနန်ပြည်နယ် (Jiubu မြစ် ရှုခင်းနေရာ၊  Xuefeng Lake အမျိုးသား ရေတိမ်ဒေသဥယျာဉ်၊ Xiangjiangyuan အမျိုးသားသစ်တောဥယျာဉ် ……) — ကျန်းရှီးပြည်နယ် (Poyang Lake ရှုခင်းနေရာ၊ Dongjiangyuan အမျိုးသား ရေတိမ်ဒေသဥယျာဉ်၊ Mount Sanbai ရှုခင်းနေရာ ……) — အန်းဟွေးပြည်နယ် (Taiping Lake ရှုခင်းနေရာ၊ Jiaogang Lake ရှုခင်းနေရာ၊ Huating Lake ခရီးသွားဇုန် ……) — ကျန်းစူးပြည်နယ် (Tianmu Lake အပန်းဖြေစခန်း၊ Shajiabang - Yushan Shang Lake ခရီးသွားဇုန်၊ Jiangyan Qinhu ခရီးသွားဇုန် ……) — ကျဲ့ကျန်းပြည်နယ် (ဟန်ကျိုးမြို့ Xixi ရေတိမ်ဒေသဥယျာဉ် ခရီးသွားဇုန်၊ Ningbo မြို့ Fenghua Xikou - Tengtou အပန်းဖြေစခန်း၊ Taizhou မြို့ Shenxianju ရှုခင်းနေရာ ……) — ရှန်ဟိုင်းမြို့ (Chongming Xisha အမျိုးသား ရေတိမ်ဒေသဥယျာဉ်၊ Wusong Paotaiwan အမျိုးသား ရေတိမ်ဒေသဥယျာဉ်၊ Haiwan အမျိုးသားသစ်တောဥယျာဉ် ……)


WeChat Image_20230623103415.png


ခရီးစဉ်မိတ်ဆက်အကျဉ်း ။ ။ “ကြည်လင်အေးမြ ယန်စီမြစ်ကြောင်းအလှ၊ စိမ်းစိုသာယာ ရှုခင်းအဖြာဖြာ” ဆိုသကဲ့သို့ပင် ယန်စီမြစ်ကြောတစ်လျှောက်တွင် မတ်စောက်သော တောင်စဉ်တောင်တန်းများ၊ ကျယ်ပြောသော သဲကန္တာရနှင့် သစ်တောအုပ်များ၊ များစွာသော မြစ်ချောင်းအင်းအိုင် ရေတိမ်ဒေသများ၊ ကျယ်ပြန့်သော ရေလမ်းကြောင်းစနစ်များ၊ တစ်မူထူးခြား၍ ပြီးပြည့်စုံသော သဘာဝဂေဟစနစ်များရှိပြီး ယင်းသည် တရုတ်နိုင်ငံ၏ အရေးပါသော ဂေဟစနစ်ရတနာသိုက်ပင် ဖြစ်ပါသည်။ လတ်တလောနှစ်များအတွင်း ယန်စီမြစ်ကြောတစ်လျှောက်ရှိ ဒေသအသီးသီးတို့က “ဖွံ့ဖြိုးရေးဇုန်သစ်များ တိုးချဲ့မှုကို လျှော့ချလို့၊ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအား အလေးပေးဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်ကို လက်စွဲကိုင်ပြီး ဘက်ပေါင်းစုံမှ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေးကို တိုးမြှင့်ဆောင်ရွက်လာသည်။ ယန်စီမြစ်ကြောတစ်လျှောက်၏ တောတောင်ရေမြေများ စိမ်းစိုပြီး မြစ်ချောင်းအင်းအိုင်များ သာယာလှပနေသည့် သဘာဝဂေဟစနစ်ကို ဦးစားပေးထားသော အစိမ်းရောင်လမ်းကြောင်းသစ်တစ်ခုကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး မိုးပြာပြာ ရေကြည်အေးကာ သဘာဝအလှအပများနှင့် ပြည့်စုံနေသော ယန်စီမြစ်၏ ဂေဟစနစ်အလှတရားများကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ကာ လူသားနှင့် သဘာဝတရားတို့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြသည့် ယဉ်ကျေးမှုပြယုဂ်ကို ဖော်ဆောင်ကြရအောင်လားရှင့်။


WeChat Image_20230621172003.jpg