"ယန်စီမြစ်" အမျိုးသားအဆင့် ခရီးစဉ် (၃) - ယန်စီမြစ် ရေအသုံးအချမှုစီမံခန့်ခွဲရေးခရီးစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-06-22 22:02:03


WeChat Image_20230623100459.png


ခရီးစဉ်လမ်းကြောင်း ။    ။ စီချွမ်ပြည်နယ် (Dujiang တာတမံ၊ Dongfeng တာတမံ၊ Meishan Tongji တာတမံ ......) — ချုံချင့်မြို့ (ချုံချင့် Baiheliang ရေအောက်ပြတိုက်၊ Changshou Lake ခရီးသွားဇုန်၊ Longshui Lake ရှုခင်းနေရာ ......) — ဟူပေပြည်နယ် (လျှိုမြောင်သုံးသွယ် ရေ‌ကြောင်းထိန်းသိမ်းရေးစီမံကိန်း၊ Gezhouba ရေ‌ကြောင်းထိန်းသိမ်းရေးစီမံကိန်း၊ Danjiangkou ရေလှောင်တမံ ......) — ဟူနန်ပြည်နယ် (Dongjiang Lake ခရီးသွားဇုန်၊ Ziquejie လှေကားထစ်စိုက်ခင်း ......) — ကျန်းရှီးပြည်နယ် (Taihe Chatan ဆည်၊ Fuzhou Qianjin ဆည်၊ Liaohe ဆည်ရေသွင်းဧရိယာ၊ Shangbao လှေကားထစ်စိုက်ခင်း ......) — အန်းဟွေးပြည်နယ် (Quebei ဆည်၊ Yuliang ဆည်၊ Foziling ရေလှောင်တမံ ......) — ကျန်းစူးပြည်နယ် (Jiangdu ရေ‌ကြောင်းထိန်းသိမ်းရေးစီမံကိန်း၊ Xinghua Duotian ရေသွင်းရေထုတ်ခြင်းစနစ်၊ Li တူးမြောင်း - Gaoyou ဆည်ရေသွင်းဧရိယာ ......) — ကျဲ့ကျန်းပြည်နယ် (တရုတ်နိုင်ငံ ရေအသုံးချမှုစီမံခန့်ခွဲရေးပြတိုက်၊ Lishui Tongji တာတမံ၊ Zhuji ရေတင်မစက် (Shadoof) ဖြင့် ရေသွင်းခြင်းစီမံကိန်း၊ Ningbo Tashanyan တာတမံ၊ Longyou Jiangxi တာတမံ၊ Jinhua Baishaxi တာတမံ (၃၆)ခု၊ Songyang Songgu ဆည်ရေသွင်းဧရိယာ ......) — ရှန်ဟိုင်းမြို့ (Songjiang ဂေဟစနစ် ရေအသုံးချမှု စီမံခန့်ခွဲရေး ရှုခင်းနေရာ ......)


WeChat Image_20230623100503.png


ခရီးစဉ်မိတ်ဆက်အကျဉ်း ။ ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ရေအသုံးချမှုကို ဦးစွာ စီမံခန့်ခွဲရပေမည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်က Dujiang တာတမံမှ ယနေ့ခေတ်၏ “ရာစုနှစ်စီမံကိန်း” ဖြစ်သော လျှိုမြောင်သုံးသွယ် ရေ‌ကြောင်းထိန်းသိမ်းရေးစီမံကိန်းအထိ လည်းကောင်း၊ အဟုန်ပြင်းပြီး ရေစီးသန်ရာမှ ငြိမ်သက်သော ကန်ရေပြင်အထိ လည်းကောင်း၊ ရေကြီးမှုများ မကြာခဏ ဖြစ်ပေါ်ရာမှ ခြောက်သွေ့ခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်မှုကို စိုးရိမ်စရာမလိုသည်အထိ လည်းကောင်း တိုင်းပြည် စည်ပင်သာယာဝပြောပြီး ပြည်သူပြည်သားများ အေးချမ်းသာယာစွာ နေထိုင်လာနိုင်သကဲ့သို့ ဤလုပ်ဆောင်မှုအကျိုးကျေးဇူးကိုလည်း နောင်လာနောက်သားများ ခေတ်အဆက်ဆက် ဆက်လက်ခံစားနိုင်မည် ဖြစ်ပေသည်။ ဤခရီးစဉ်လမ်းကြောင်းသည် ယန်စီမြစ်တစ်လျှောက်ရှိ အဓိက ရေကြောင်းထိန်းသိမ်းရေးစီမံကိန်းနှင့် ကမ္ဘာ့ဆည်ရေသွင်းစီမံကိန်း အမွေအနှစ်ကို ကြားခံအဖြစ် ထားရှိပြီး လျှိုမြောင်သုံးသွယ် ရေ‌ကြောင်းထိန်းသိမ်းရေးစီမံကိန်း၊ Dujiang တာတမံ စသည့် အကြီးစား ရေအသုံးချမှုစီမံကိန်းနှင့် ရေထိန်းသိမ်းရေး လက်တွေ့လုပ်‌ဆောင်မှုလုပ်ငန်းများကို သိရှိနားလည်စေပါသည်။ ထိုမှတစ်ဆင့် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သော ရေထိန်းသိမ်းရေးအသိအမြင်များကို သိမြင်နားလည်စေပြီး ယန်စီမြစ် ရေအသုံးချထိန်းသိမ်းမှု၊ ပြည်သူများ အေးငြိမ်းချမ်းသာစွာ နေထိုင်နိုင်မှုနှင့် ဂေဟစနစ်ကောင်းမွန်မှုများကို သက်သေထူနိုင်ခဲ့ပါသည်။


WeChat Image_20230621172003.jpg