“၂၀၂၃ ခုနှစ် ယန်စီမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-06-21 19:08:38


WeChat Image_20230621171955.jpg



ယန်စီမြစ်သည် အာရှတိုက်၏ အရှည်ဆုံးမြစ် ဖြစ်ပြီး တရုတ်လူမျိုးများ၏ မိခင်မြစ်လည်း ဖြစ်သည်။ ယင်းမြစ်သည် တရုတ်နိုင်ငံ၏ ပြည်နယ်၊ မြို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁၉) ခုကို ဖြတ်သန်းစီးဆင်းပြီး လူဦးရေ သန်းပေါင်း (၅၀၀) ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။


မြစ်ရေဆင်းရာ ထုဆစ်လာ၊ ဘဝဇာတ်ခုံ မြောက်မြားစွာ။
လှိုင်းသံ လှေရိပ်များအကြား၊ ကဗျာငွေ့ပြည့် လူမှုဘဝများ။
သုံးပြည်ထောင်ခေတ် ကမ်းပါးနီ၊ ခရီးနှင်မည် သမိုင်းပုံရိပ်ဆီ။


ညဘက်အချိန်အခါတွင် မီးရောင်များဖြင့် တလက်လက် လင်းနေသော ယန်စီမြစ်ကြောသည် ဖြည်းဆေးသော လူနေမှုဘဝအလှနှင့် ခေတ်ရေစီးကြောင်းတို့ကို မီးမောင်းထိုးပြသနေပေသည်။


တရုတ်နိုင်ငံရှိ ယန်စီမြစ်အလှတရားများကို အားလုံး အတူတကွ ခံစားကြပါစို့။ 


ယခုရက်ပိုင်းအတွင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “၂၀၂၃ ခုနှစ် ယန်စီမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကို တင်ဆက်ပေးသွားမည် ဖြစ်သဖြင့် စောင့်မျှော်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


WeChat Image_20230621172003.jpg