၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” ချင်ဟန့်ခေတ်အချိန် - ပိုးလမ်းမကြီးဓာတ်ပုံပြပွဲ (စတုတ္ထပိုင်း)
ကန်းစုပြည်နယ် (Gansu) သည် ရှေးဟောင်းပိုးလမ်းမကြီးပေါ်တွင် ကျောက်စိမ်းရတနာအလား ဖြစ်တည်နေပါသည်။
ကန်းစုပြည်နယ်၏ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” သည် ယဉ်ကျေးမှုအနှစ်သာရများ နက်ရှိုင်းကြွယ်ဝပြီး ဟယ်ရှီးစင်္ကြံ (Hexi) မှ အစပြုသော ပိုးလမ်းမကြီးသည် ရှေးယခင်ကတည်းက ယခုအချိန်အထိ တရုတ်လူမျိုးများအတွက် ပြည်ပဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ရာ လမ်းကြောင်းတစ်ခုပင် ဖြစ်သည်။
ဤပြပွဲတွင် ကန်းစုပြည်နယ်ရှိ ထျန်းဆွေမြို့ (Tianshui) ၊ ဝူဝေးမြို့ (Wuwei) ၊ တွန်းဟွမ်မြို့ (Dunhuang) နှင့် ကျန်းယဲ့မြို့ (Zhangye) စသည့်မြို့များ၏ လှပသော ပုံရိပ်ဓာတ်ပုံများကို ရွေးချယ်တင်ဆက်ထားပါသည်။ “သမိုင်း + ယဉ်ကျေးမှု + ခရီးသွားလာရေး” အကြောင်းအရာဖော်ပြချက်များဖြင့် ကဗျာလင်္ကာများထဲမှ ကန်းစုပြည်နယ်ကို ကဏ္ဍ (၄) ရပ်ခွဲ၍ တင်ဆက်ဖော်ပြထားပြီး ကန်းစုပြည်နယ်၏ ရှုခင်းအလှများ၊ ယဉ်ကျေးမှုနှင့် ပိုးလမ်းမပုံရိပ်များကို ဖော်ထုတ်ပြသရင်းဖြင့် ကန်းစုပြည်နယ်၏ အလှတရားများကို တင်ဆက်ထားပါသည်။
စတုတ္ထပိုင်း - မြင်းနှင့်လက်ဖက် ပိုးလမ်းမထက်