၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ဂန္ထဝင်အမွေကိုဆက်ခံသွား ရှင်းကျန်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” ကဏ္ဍတွဲ ဗီဒီယိုအတို (အပိုင်း - ၃)
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-12 20:13:47
ဝေဂါတိုင်းရင်းသားလူမျိုး (Uyghur) တို့၏ Muqam အနုပညာသည် ရှင်းကျန်းဒေသ၏ ရိုးရာကျေးလက် ဖျော်ဖြေတင်ဆက်မှုများမှ ပေါ်ပေါက်ဖြစ်တည်လာပြီး ဝေဂါတိုင်းရင်းသားယဉ်ကျေးမှုနှင့် ခွဲခြား၍ပင် မရနိုင်ပေ။ ထို့အပြင် ၎င်းအနုပညာသည် ရာစုနှစ်များတစ်လျှောက် ပိုးလမ်းမကြီးထက်ရှိ ခရီးသွားလာသူများထံမှ ယဉ်ကျေးမှုလက္ခဏာရပ်များစွာကိုလည်း ကြွယ်ဝစုံလင်စွာ လက်ခံရရှိထားသည်။ ယနေ့အချိန်တွင် ရှင်းကျန်းဝေဂါတိုင်းရင်းသားလူမျိုးတို့၏ Muqam အနုပညာအား လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အသိအမှတ်ပြုထားသည်။