အားလုံးကို ပျော်ရွှင်ရင်ခုန်စေမယ့် သတင်းလေးကို ကြော်ငြာပေးပါ့မယ်။ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး အထိ မ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့“ဆုံစည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲလေးရဲ့ ဆုရဓာတ်ပုံစာရင်းများ ထွက်ပေါ်လို့လာပါပြီ။


ယုန်နှစ်သို့ ကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံတဝှမ်းလုံးရှိ မိသားစုများအားလုံး ပျော်ရွှင်ချမ်းမြေ့စေလိုတဲ့ ဆန္ဒမွန်ဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှကြီးမှူးပြီး “ဆုံစည်းပျော်မြူး တရုတ်နှစ်ကူး” ဆိုတဲ့ ဓာတ်ပုံပြိုင်ပွဲလေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှစတင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ခဲ့ပါတယ်။
ဓာတ်ပုံပြိုင်ပွဲလေးကို အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများမှတက်ကြွစွာပါဝင်ခဲ့ကြပြီး နှစ်သစ်ကူးရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ ဆွေမျိုး၊ မိတ်သင်္ဂဟများနှင့် ပျော်ရွှင်စွာဆုံစည်းကြပုံ၊ သာယာချမ်းမြေ့စွာဖြင့် နှစ်သစ်ကူးအခါသမယကို ဖြတ်သန်းကြပုံ စတဲ့ပုံရိပ်းများကို ဖော်ကြူးထားတဲ့ ဓာတ်ပုံပေါင်း ၇၀ ကျော်ကို လက်ခံရရှိခဲ့ပါတယ်။ လက်ခံရရှိတဲ့ ပြိုင်ပွဲဝင်လက်ရာများကို သေချာစွာစီစဉ်ရွေးချယ်အပြီး ယခုအခါမှာဆိုရင်တော့ လူကြိုက်အများဆုံးဆု (Popular Choice) - ၃ ဆု ၊ အလှဆုံး ဓါတ်ပုံဆု - ၃ ဆု၊ အဆန်းသစ်ဆုံး ဖန်တီးနိုင်မှုဆု - ၃ ဆု စတဲ့ ဆုအသီးသီးကိုရွေးချယ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘယ်သူတွေများ ဆုရွေးချယ်ခံရမလဲဆိုတာ သိရဖို့ ဆုရစာရင်းကို အတူတူ ကြည့်လိုက်ကြရအောင်။
(နာမည်စာရင်းအစဉ်လိုက်ဖော်ပြချက်တွင် အဆင့်သတ်မှတ်ချက်မရှိပါ)
လူကြိုက်အများဆုံးဆု (Popular Choice)ဆု
1. Kyi Thar Htate Htar

2. May Myat Lun Khin

3. Ei July Moe

အလှဆုံး ဓါတ်ပုံဆု
1. Aye Lwin Oo

2. Yin Yin Aye

3. Yoon Yoon

အဆန်းသစ်ဆုံး ဖန်တီးနိုင်မှုဆု
1. Chenny

2. Myat Su Khaing

3. Thet Nwe Soe (倪奕青)

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ (တရုတ်ရိုးရာ မီးထွန်းပွဲတော်နေ့) တွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ဆုပေးပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဆုရပြိုင်ပွဲဝင်များထံသို့လည်း messenger (သို့) ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးကာလကို လှပတဲ့ရောင်စုံဓာတ်ပုံလေးများဖြင့် ပျော်ရွှင်မှုကိုမျှဝေကာ ပြိုင်ပွဲလေးကို ပါဝင်ယှဉ်ပြိုင်ပေးကြတဲ့ အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအပေါင်းတို့လည်း ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပြီး ယုန်နှစ်ကာလမှာ စီးပွားဥစ္စာတိုးတက်၍ လိုရာဆန္ဒများ ပြည့်ဝနပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

