မှတ်တမ်းရုပ်ရှင်များ ကြည့်ရှုရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဖိတ်ခေါ်ကြိုဆိုခြင်း
ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ရန်ကုန်ရှိ အခြားနေရာအသီးသီးတို့၌ စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ယခုတစ်ခေါက်အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မြန်မာနိုင်ငံရှိ ကျောင်းများ၊ လုပ်ငန်းများ အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အင်္ဂလိပ်ဗားရှင်း တရုတ်မှတ်တမ်းရုပ်ရှင်ကောင်း (၁၄) ကားကို ရွေးချယ်ပြသ၍ စွဲမက်ဖွယ်ရာ တရုတ်ယဉ်ကျေးမှုများကို ပြသကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို တင်ဆက်ပေးသွားမည်ဖြစ်သည်။
“မှတ်တမ်းရုပ်ရှင်ပွဲတော်”မှာ ဘာတွေကြည့်ကြမလဲ။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် CGTN မှ စီစဉ်ထုတ်လုပ်ထားသော ယဉ်ကျေးမှုနှင့် လူနေမှုဘဝဆိုင်ရာ မှတ်တမ်းရုပ်ရှင်များကို အော့ဖ်လိုင်းပုံစံဖြင့် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ ယင်းဗီဒီယိုများအနက်မှ “တိဗက်နှင့်ရှင်းကျန်း”ကဏ္ဍရှိ အကြောင်းအရာများသည် ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မူထူးခြားသော ယဉ်ကျေးမှုနှင့် သဘာဝအလှတရားများ၊ ရှင်းကျန်း(Xinjiang)နှင့် တိဗက်(Tibet) ရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးတို့၏ လက်တွေ့ဘဝကို လေ့လာကြည့်ရှုရင်း များပြားကြွယ်ဝလှသော ယဉ်ကျေးမှုဆိုင်ရာ မြင်ကွင်းများကို အတူတကွ တွေ့မြင်ခံစားရစေမည်ဖြစ်သည်။
အဆုံးအစမဲ့သော ပြာလဲ့လဲ့မိုးကောင်းကင်၊ အကန့်အသတ်မရှိ ကျယ်ပြောလှသော မြက်ခင်းလွင်ပြင်များ ပိုင်ဆိုင်သည့် တိဗက်နှင့် ရှင်းကျန်းဒေသတို့တွင် များပြားကြွယ်ဝသော အရင်းအမြစ်များ၊ နွေးထွေးသာယာသော ရာသီဥတု၊ ကောင်းမွန်သော မြေဆီမြေသားနှင့် စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်တို့ရှိသည်။ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”သည် ပရိသတ်များအတွက် လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှုတို့ကို တင်ဆက်ပြသထားသည်။
တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော် ကြိုတင်ရှုစားရင်းစောင့်မျှော်
ဤမှတ်တမ်းရုပ်ရှင်သည် ယနေ့ခေတ် ရှင်းကျန်းပြည်သူတို့၏ သာယာပျော်ရွှင်ဖွယ်ဘဝနှင့် သိပ္ပံနည်းကျကျ တိုးတက်လာမှုများကို အခြေခံထားပြီး ရင်ခုန်စိတ်ဝင်စားဖွယ်ရာ ဇာတ်ကောင်(၁၇)ဦးတို့၏ ဇာတ်လမ်းအကြောင်းအရာများမှတစ်ဆင့် ထျမ်းစန်းတောင်တန်း (Tianshan) တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးတို့၏ ဇာတိဌာနေကို ချစ်မြတ်နိုးပြီး ၎င်းတို့၏အိပ်မက်များကို အကောင်အထည်ဖော်ဆောင်၍ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကာ အမိနိုင်ငံတော်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်လာသော အကြောင်းအရာများကို တင်ဆက်ထားပါသည်။ ၎င်းဗီဒီယိုတွင် ထျမ်းစန်းတောင်တန်း (Tianshan) တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မတူညီကွဲပြားသော ယဉ်ကျေးမှုအလှနှင့် သဘာဝအလှတရားများကို ပြသတင်ဆက်ထားပြီး ပရိသတ်များအား ရှင်းကျန်း၏ အသက်ဝင်တက်ကြွမှုနှင့် ရှင်းကျန်းပြည်သူများ၏ စိတ်ဓာတ်ရေးရာပိုင်း ကြိုးပမ်းအားထုတ်မှုများကို တွေ့မြင်ခံစားစေမည်ဖြစ်သည်။
ဤမှတ်တမ်းရုပ်ရှင်သည် မျက်မမြင်ကလေးများအတွက် ပရဟိတမူကြိုကျောင်း ဖွင့်လှစ်ပေးထားသည့် တိဗက်မျက်မမြင်အမျိုးသမီးတစ်ဦးအကြောင်း ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ Kyila အမည်ရှိ မျက်မမြင်အမျိုးသမီး၏ တိဗက်နှစ်သစ်ကူးကာလအတွင်း လုပ်ကိုင်ဆောင်ရွက်မှုများအကြောင်းကို ပြောပြထားပြီး မျက်မမြင်ကလေးငယ်များအတွက် မူကြိုကျောင်း တည်ထောင်ကာ ထိန်းသိမ်းစောင့်ရှောက်ရသည့် မျက်မမြင်အမျိုးသမီးတစ်ဦး၏ ဘဝနှင့် တွေ့ကြုံရသည့် အခက်အခဲအမျိုးမျိုးတို့ကို စစ်မှန်ပေါ်လွင်စွာ ပြသထားသည်။
၎င်းဗီဒီယိုသည် နှစ်သစ်ကူးအချိန်ကာလ၏ စည်ကားသိုက်မြိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်များကို ခံစားရစေရုံသာမက အမျိုးသားရေးဝိသေသလက္ခဏာများနှင့် မျက်မမြင်ကမ္ဘာ၏ ထူးခြားဆန်းပြားမှုတို့ကိုလည်း ထင်ရှားပေါ်လွင်စေကာ ပျော်ရွှင်ကြည်နူးဖွယ်ရာများထဲမှ ယဉ်ကျေးမှုအနှစ်သာရ သဘောလက္ခဏာများကိုပါ ရရှိခံစားရစေမည့် အနုပညာလက်ရာတစ်ခုဖြစ်သည်။
ဤမှတ်တမ်းရုပ်ရှင်သည် တစ်နှစ်တာ၏ ရာသီလေးခုကို ရိုက်ကူးရေး အချိန်အပိုင်းအခြားအဖြစ် သတ်မှတ်ထားရှိကာ (၂၄)နှစ်အရွယ်ရှိ တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာ ချူဝိန်ဝန် (Chu Wenwen) ၏ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Altay စီရင်စုနယ်ရှိ မွန်ဂိုးလီးယား-ရှင်းကျန်း ဗီဗာဖျံများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို မှတ်တမ်းတင်ရိုက်ကူးထားသည်။ ချူဝိန်ဝန် (Chu Wenwen) ၏ စိတ်ကူးယဉ်ဆန်သော ဘွဲ့ရကျောင်းသူတစ်ဦးမှ လက်တွေ့ကျကျ ကြိုးစားလုပ်ကိုင်တတ်သော တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် ပြောင်းလဲလာမှုဖြစ်စဉ်ကို စစ်မှန်ပေါ်လွင်စွာ တင်ဆက်ပြသထားသည်။
“ကျွန်တော် သေဆုံးချိန်ထိတိုင် အချိန်ပိုင်း သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် တောက်လျှောက်လုပ်သွားချင်တယ်။ ကျွန်တော့်သားကလည်း တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်တဲ့အလုပ် လုပ်နေတာ။ ဒါက ကျွန်တော်တို့မိသားစုရဲ့ ဆွေစဉ်မျိုးဆက် လုပ်ငန်းတစ်ခုပါ။"
ဤမှတ်တမ်းရုပ်ရှင်သည် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း သားအဖနှစ်ဦး၏ ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။ ထိုသားအဖနှစ်ဦးသည် ကုန်းပြင်မြင့်ရှိ တောရိုင်းတိရစ္ဆာန်များကို တန်ဖိုးထားမြတ်နိုးပြီး ကာကွယ်စောင့်ရှောက်လိုသည်။ ၎င်းဗီဒီယိုတွင် ပရိသတ်တို့အတွက် တရုတ်နိုင်ငံတိဗက်ဒေသ၏ မြောက်ပိုင်းကုန်းပြင်မြင့်ရှိ တောရိုင်းတိရစ္ဆာန်များ၏ ရှင်သန်ရပ်တည်မှုအခက်အခဲ၊ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ရန်နှင့် ကယ်တင်စောင့်ရှောက်နိုင်ရန်အတွက် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းများ၏ ခက်ခဲကြမ်းတမ်းလှစွာသော ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများတကွ နောက်ဆုံးတွင် လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြသော သာယာဝပြောသည့် မြင်ကွင်းများကို တင်ဆက်ပြသထားပါသည်။
နောက်ထပ် အခြားအခြားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ မှတ်တမ်းရုပ်ရှင်မိတ်ဆက်များကို ထပ်မံတင်ဆက်ပေးသွားမှာ ဖြစ်သည့်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ အစီအစဉ်များကို ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါဦးလို့ တိုက်တွန်းပါရစေရှင်။