တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ဇွန်းကို စုတ်တံသဖွယ်၊ သကြားရည်ကို မင်ရည်သဖွယ် တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် - သကြားပန်းချီကပ်စေးနှဲမုန့်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
သကြားပန်းချီကပ်စေးနှဲမုန့်ဆိုသည်မှာ ၎င်းအခေါ်အဝေါ်အတိုင်း သကြားဖြင့် ပြုလုပ်ထားသော ပန်းချီဖြစ်ပြီး ရိုးရာအရပ်ဘက်လက်မှုအတတ်ပညာတစ်မျိုး ဖြစ်သည်။ ဤကဲ့သို့ ဇွန်းကို စုတ်တံသဖွယ်၊ သကြားရည်ကို မင်ရည်သဖွယ်ဖြင့် ရေးဆွဲသည့် ပန်းချီဆွဲနည်းသည် မင်ခေတ်က စတင်ခဲ့ပြီး ယခုအခါတွင် နှစ်ပေါင်း (၅၀၀) ကျော် သမိုင်းရှိပြီ ဖြစ်သည်။
ရှေးကျပြီး ချိုမြိန်သည့် ဤလက်မှုအတတ်ပညာသည် လမ်းတကာတွင် ရှိပြီး ယဉ်ကျေးမှု အမှတ်သင်္ကေတတစ်မျိုးအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါသည်။ ၎င်းသည် သကြားအချိုခဲ ဖြစ်သကဲ့သို့ ပန်းချီလည်း ဖြစ်ပြီး အရပ်ပြည်သူများ၏ နှစ်သက်မှုကို တစ်ခဲနက် ရရှိထားသည့် လက်မှုအတတ်ပညာစားဖွယ်ရာ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် သကြားပန်းချီကပ်စေးနှဲမုန့်သည် ဒုတိယအသုတ် နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီး ၎င်း၏ ထူးခြားသည့် ဆွဲဆောင်မှုကို တစ်ဆင့်ထပ်၍ တိုးပွားစေခဲ့ပါသည်။