တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ကောင်းကင်ဘုံကျောင်းတော်ဥယျာဉ်တွင် အမှတ်မထင်ဆုံစည်းခဲ့ရသည့် "အဆင့်မြင့် သိုင်းလောကသားများ"
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-12 16:36:01
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်း ကောင်းကင်ဘုံကျောင်းတော် (Temple of Heaven) ဥယျာဉ်တွင် အားကစားဝါသနာထုံသူ အများအပြားက ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်နေပုံများကို နေ့စဉ်နေ့တိုင်း တွေ့မြင်နိုင်ပါသည်။ အားကစားအထောက်အပံ့ပစ္စည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသူများ၊ ထိုက်ကျီသိုင်းကစားသူများ၊ ဓားသိုင်းအကလေ့ကျင့်သူများ၊ ခြေထောက်လေ့ကျင့်ခန်းပြုလုပ်သူများ၊ ဘောလုံးကစားသူများ၊ ခန္ဓာကိုယ်အား ပုတ်ရိုက်ပေးခြင်းနည်းဖြင့် ကျန်းမာရေးလေ့ကျင့်ကြသူများ၊ ကြက်တောင်ခတ်ကစားသူများ စသဖြင့် ကိုယ်စီကိုယ်စီ၏ အဆင့်မြင့်သော ကိုယ်ခန္ဓာလှုပ်ရှားကစားနည်းများကို ပြုလုပ်လေ့ရှိကြပါသည်။
မြို့ပြနေပြည်သူများသည် ဥယျာဉ်ထဲတွင် ကိုယ်ကာယအားကစားလေ့ကျင့်ခန်းများ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင်ပင် သာယာလှပကောင်းမွန်သော အချိန်များကို ခံစားလျက်ရှိကြပါသည်။