တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ပေကျင်းတာ့ရှင်းလေဆိပ်တွင် မျက်မှောက်ခေတ်အဆောက်အဦ၏ အလှတရားအား ခံစားခြင်း
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်းတာ့ရှင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် (Beijing Daxing International Airport) သည် အဆောက်အဦအနုပညာနှင့် လုပ်ဆောင်ချက်ဖွဲ့စည်းပုံတို့ ကောင်းမွန်စွာ ပေါင်းစပ်ထားသည့် သရုပ်ဖော်သဏ္ဌာန်ဖြစ်ပြီး ယနေ့ခေတ်အနုပညာပြတိုက် တစ်ခုဟူ၍လည်း ဆိုနိုင်ပေသည်။ ဝေဟင်ထက်မှ ကြည့်လိုက်လျှင် လေဆိပ်အဆောက်အဦ (Terminal) တစ်ခုလုံးသည် တောင်ပံဖြန့်၍ ပျံသန်းတော့မည့် ဇာမဏီငှက်အလား ဖြစ်နေပါသည်။
လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး တစ်ခုတည်း ထီးထီးတည်ရှိနေသော ၎င်းလေဆိပ်အဆောက်အဦ (Terminal) သည် ပေကျင်းတွင် ဓာတ်ပုံရိုက်ကူးရန် အလွန်ကောင်းသော နေရာဖြစ်သည်။ ထည်ဝါခမ်းနားသော လေဆိပ်ခန်းမဆောင်၊ အလင်းရောင်ကောင်း၍ ကျယ်ဝန်းသည့် လေဆိပ်ရှုမြင်ကွင်းဧရိယာ၊ စုံလင်လှသည့် အထောက်အပံ့ပစ္စည်းများ စသဖြင့် အရာတိုင်းသည် လေဆိပ်၏ ခမ်းနားဆန်းကြယ်သည့် ဆွဲဆောင်မှုအားကို ပေါ်လွင်စေပါသည်။