၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - ဟယ်ပေပြည်နယ်(Hebei)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-01-28 17:13:04


Image_20240129115017.jpg


ဟယ်ပေပြည်နယ်(Hebei)တွင် ထူးခြားသော သဘာဝရှုမျှော်ခင်းများနှင့် နက်ရှိုင်းသော ယဉ်ကျေးမှုသမိုင်းကြောင်းများ ရှိသည်။ ရာသီဥတု (၄)မျိုး ရှိပြီး အထူးသဖြင့် ဆောင်းရာသီသည် မတူညီသော မြင်ကွင်းများကို ဖန်တီးပေးသည်။


ကုန်းမြင့်မြက်ခင်းလွင်ပြင်သည် ဆီးနှင်းပြင်ရှုခင်းများဖြင့် ဒဏ္ဍာရီကမ္ဘာသဖွယ် ဖြစ်တည်နေပြီး ယန့်ဆန်းတောင်တန်း(Yanshan)သည်လည်း နှင်းလျှောစီးဝါသနာရှင်များအတွက် နေရာကောင်းတစ်ခုပင် ဖြစ်သည်။ 


ယခုအစီအစဉ်တွင် ဟယ်ပေပြည်နယ်၏ အလှအပများနှင့် စိတ်ဝင်စားဖွယ် ရေခဲဆီးနှင်းယဉ်ကျေးမှုများကို ရှုထောင့်အမျိုးမျိုးဖြင့် ဖော်ပြတင်ဆက်သွားပါမည်။