၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - ဟေးလုံကျန်းပြည်နယ် (Heilongjiang)
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-01-07 12:51:03
တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်(Heilongjiang)သည် ၎င်း၏ ရှုခင်းအလှများဖြင့် နာမည်ကျော်ကြားသည်။ ဆောင်းရာသီတွင် ဟေးလုံကျန်းပြည်နယ်သည် ရေခဲဆီးနှင်းကမ္ဘာသဖွယ် ဖြစ်တည်နေပါသည်။ ဟေးလုံကျန်းပြည်နယ်တွင် Ice and Snow World ၊ Saint Sophia Cathedral ၊ Central Street ၊ Xuexiang Village ၊ ဥတ္တရအလင်းတန်း ...... စသဖြင့် လှပသော နေရာများစွာ ရှိပါသည်။ ဟေးလုံကျန်းပြည်နယ်သည် လှပသော ရေခဲဆီးနှင်းရှုခင်းများ၊ စုံလင်သော ယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားပြီး ဒေသခံများကလည်း ဖော်ရွေပျူငှာကြသည်။ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးချက်များ မည်သို့ပင် လှပပါစေ၊ ဟေးလုံကျန်းပြည်နယ်၏ ဆောင်းရာသီ အပြင်ရှုခင်းအလှကို အပြည့်အဝ ပုံဖော်နိုင်မည် မဟုတ်ပေ။ ဟေးလုံကျန်းပြည်နယ်တွင် ဆောင်းရာသီအမှတ်တရများ ဖန်တီးရန် အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။
ရေခဲဆီးနှင်းကမ္ဘာ