၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - လျောင်းနင်ပြည်နယ် (Liaoning)
လျောင်းနင်ပြည်နယ်(Liaoning)တွင် အသေးစား၊ အလတ်စား၊ အကြီးစား နှင်းလျှောစီးကွင်း (၃၈)ခု ရှိသည့်အနက် အဆင့်မြင့်၊ အလယ်အလတ်အဆင့်၊ အခြေခံအဆင့် နှင်းလျှောစီးလမ်းများ ရှိသော နှင်းလျှောစီးကွင်း (၂၅)ခု၊ ပြည်နယ်အဆင့်နှင့်အထက်ရှိသော နှင်းလျှောစီးအပန်းဖြေနေရာ (၇)ခု ရှိပြီး ပြည်နယ်အနှံ့တွင် ဖျော်ဖြေရေးကို အဓိကထားသည့် ရေခဲဆီးနှင်းဥယျာဉ်များ ရှိသည်။
လျောင်းနင်ပြည်နယ်၏ ဆောင်းရာသီသည် နှင်းကျချိန် ကြာမြင့်ပြီး နှင်းအကျများသည်။ နှင်းမှုန်များသည် နူးညံ့ပြီး ထူထဲသည်။ လျောင်းနင်ပြည်နယ်၏ ငွေနှင်းရောင်ခြယ် ရှုခင်းအလှနှင့် အအေးဓာတ်တို့သည် ရေခဲဆီးနှင်း Outdoor လှုပ်ရှားမှုများ ပြုလုပ်ရန် သင့်လျော်လှသည်။ ထို့အပြင် လျောင်းနင်ပြည်နယ်ရှိ ရေပူစမ်းများသည်လည်း ရေခဲဆီးနှင်းနှင့်အတူ လိုက်ဖက်ညီစွာ တည်ရှိနေပါသည်။
ရှန်ယန်ရှေးဟောင်းနန်းတော် (Shenyang Imperial Palace) ၊ အန်းရှန်းမြို့ (Anshan) ချန်းဆန်းဒေသ (Qianshan) ၊ ပန်ရှီးရေလိုဏ်ဂူ (Benxi) ၊ တန်းတုန်းမြို့ (Dandong) ဟူဆန်းမဟာတံတိုင်း (Hushan) တို့တွင် ဆီးနှင်းများကို ရှုစားနိုင်ပြီး အရှေ့မြောက် နှင်းလျှောစီးကွင်း၊ ထျန်းချောင်ကိုး နှင်းလျှောစီးကွင်း (Tianqiaogou) ၊ ဟွမ်ကြားကိုး နှင်းလျှောစီးကွင်း (Huangjiagou) ၊ ကုန်းချန်လင်း နှင်းလျှောစီးကွင်း (Gongchangling) စသည့်နေရာများတွင်လည်း ဆီးနှင်းများဖြင့် ပျော်ရွှင်စွာ ဆော့ကစားနိုင်ပါသည်။
ထို့အပြင် အန်းရှန်းမြို့ (Anshan) ထန်းကန်ဇီရေပူစမ်း (Tanggangzi) ၊ ပန်ရှီးမြို့ (Benxi) ဟွားရှီးမုရေပူစမ်း (Huaximu) ၊ ရင်းခိုမြို့ (Yingkou) ထျန်းမုရေပူစမ်း (Tianmu) ၊ ကျင်ကျိုးမြို့ (Jinzhou) တုန်းဖန်းဟွာတိချန်ရေပူစမ်း (Dongfang Huadicheng) ၊ ဖုရှင်းမြို့ (Fuxin) ပေါင်တိရေပူစမ်း (Baodi) စသည့် ရေပူစမ်းများလည်း ရှိသည်။
ဆီးနှင်းဖွဲဖွဲအကြား ရေပူစမ်းစိမ်ရင်း လျောင်းနင်ပြည်နယ်၏ ဆောင်းရာသီအလှကို ရှုစားနိုင်ပါသည်။
“လှပသော လျောင်းနင်ပြည်နယ်” ဓာတ်ပုံပြပွဲ
လျောင်းနင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ် “တောတောင်ရေမြေအလှ လျောင်းနင်ပြည်နယ်တွင်သပ”
တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ လျောင်းနင်ပြည်နယ်တွင် သမိုင်းဝင်ယဉ်ကျေးမှုများ၊ မြောက်မြားစွာသော သမိုင်းဝင် သူရဲကောင်းများနှင့် ဉာဏ်ပညာထက်မြက်မှုသမိုင်းတို့ကို တွေ့ရှိနိုင်ပါသည်။
လျောင်းနင်ပြည်နယ်၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာများတွင် သမိုင်းကြောင်းများနှင့် ရှေးဟောင်းဖြစ်စဉ်များကို အတူတကွ လေ့လာရင်း ယင်းဒေသမှ ဒေသခံများ၏ ဖော်ရွေပျူငှာမှုနှင့် ကြည်နူးပျော်ရွှင်မှုများကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
“လျောင်းနင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်” ကဏ္ဍတွဲဗီဒီယိုအတိုတွင် ဟူလူတောင်မြို့ (Huludao) ၊ ပန်ရှီးမြို့ (Benxi) နှင့် ရှန်ယန်မြို့ (Shenyang) စသည့် တရုတ်နိုင်ငံ လျောင်းနင်ပြည်နယ်ရှိ အထင်ကရမြို့ (၃)မြို့အကြောင်းကို ရွေးချယ်တင်ဆက်ထားပြီး လျောင်းနင်ပြည်နယ်၏ အထူးခရီးစဉ်လမ်းကြောင်းတစ်လျှောက်ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြတင်ဆက်ထားပါသည်။
လျောင်းနင်ပြည်နယ်၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအနုပညာနှင့် အထင်ကရ အစားအစာ စသည့် အကြောင်းအရာများကို စုစည်းပြီး လျောင်းနင်ပြည်နယ်၏ ထူးခြားကောင်းမွန်သော ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များကို တင်ဆက်ထားပါသည်။
Cultural Heritage in Liaoning
Huludao
Benxi
Shenyang